မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀၀၀ ေ ကျာ်ကို တင်ပို့ ခဲ့ပါတယ်။ မြဝတီနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။
ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ တတိယပတ်အတွင်း အမေရိ ကန်ဒေါ်လာ သုညဒသမ ၃၇၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၈၂ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန် ၂၀၀ ကျော် ပိုမိုတင်ပို့တာ တွေ့ရပါ တယ်။ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ်အတွင်း တင်ပို့ခဲ့တဲ့ ရေထွက်ကုန်များ ကတော့ အမေရိကန်ဒေါ်လာ သုညဒသမ ၃၁၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၃၀၀ ကျော် ၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၇ သန်းတန်ဖိုးရှိ ကင်းမွန် ၁၅ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပုစွန်နဲ့ အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၃ သန်း တန်ဖိုးရှိ အခြားရေထွက်ကုန် ၁၅ တန်ကို တင်ပို့ခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းများမှ သိရပါတယ်။
ခင်မိုးသူ