Main menu

Background

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ နိုဝင်ဘာလစတုတ္ထအပတ်ကုန်သွယ်မှုအခြေအနေ

Thu, 12/03/2020 - 14:03 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေများ၏ နိုဝင်ဘာလ စတုတ္ထအပတ် ကုန်သွယ်ရေးစခန်းများမှ ပေးပို့နေသော စာရင်းများအရ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလား နယ်စပ်လမ်းကြောင်းမှ ယခုတစ်ပတ် တွင် ပြောင်းနှင့်ဆံပင် တင်ပို့ နိုင်ခဲ့ပြီး သွင်းကုန်များမှာ နေကြာစေ့၊ အိမ်သာသုံးစက္ကူနှင့် လူသုံးကုန်စ္စည်းများ ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် လျော့နည်းသွားတယ်လို့သိရပါတယ်။ ဆန်စပါး(၄၀)ကီလို တစ်အိတ်လျှင် ဈေးနှုန်း၁၀ဝ၀ဝကျပ်နှင့် ဒေသဆန်မှော်ဘီ(၃) ၅၀ကီလိုတစ်အိတ်လျှင် ၂၄၀ဝ၀ကျပ်ရှိပြီး ဒေသတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါတယ်။ တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ကြက်သွန်ဖြူ၊ ရာဘာ၊ ပြောင်း၊ ပုလင်းခွံ၊ ဘူးခွံ၊ မက်ဂနိဒိုင်အောက်ဆိုဒ်တို့ဖြစ်ပြီး သွင်းကုန်မှာ ဘိလပ်မြေ၊ ဆပ်ပြာမှုန့်၊ နေကြာစေ့၊ ဒီဇယ်၊ ကြွေပြား၊Solar panel with stand တို့ဖြစ်၍ ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် တိုးလာကြောင်း နယ်စပ်ကုန်သွယ်ရေးသတင်းများအရသိရပါတယ်။ မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေး လမ်း ကြောင်းမှ ယခုတစ်ပတ်အတွင်းသွင်းကုန်မရှိဘဲ အဓိကတင်ပို့သော ကုန်များမှာ ငှက်ပျော၊ ရာဘာ၊ ပြောင်း တို့ဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရှိရပါတယ်။

ဆောင်းစံပယ်ဖြူ
မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ