Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၌ ဒီဇယ်ဆီတွင် အုန်းဆီ ၃ ရာခိုင်နှုန်း ရောစပ်သုံးစွဲ

Mon, 10/07/2024 - 15:47 -- journal_editor

ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ရန်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုကို   တိုးမြှင့်ရန်နှင့် သန့်ရှင်းစွမ်းအင်  သုံးစွဲမှုကို အထောက်အကူပြုရန်အတွက် ဒီဇယ်ဆီ၌ အုန်းဆီမှထုတ်လုပ်သည့် (Coconut Methyl Ester – CME)  ဇီဝဒီဇယ်ဆီအား လက်ရှိ ၂ ရာခိုင် နှုန်းမှ တိုးမြှင့်လျက် ၃ ရာခိုင်နှုန်းသို့ တိုးမြှင့်ရောစပ်  အသုံးပြုခြင်း ကို အောက်တိုဘာ ၁ ရက်မှစတင်၍   နိုင်ငံတစ်ဝန်း၌ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ခရီးအကွာအဝေး ပိုမိုမောင်းနှင် နိုင်ခြင်း၊ ဆီဈေးနှုန်းမြင့်တက်မှုကို လျှော့ချခြင်း၊ ဒေသခံ အုန်းစိုက် တောင်သူများကို ကူညီထောက်ပံ့ပေးနိုင်ခြင်းနှင့် သန့်ရှင်းစွမ်းအင် အသုံးပြုမှုကို  တိုးမြင့်လာစေခြင်းစသည်တို့ ဖြစ်ပေါ်စေမည်ဖြစ် ကြောင်း အဆိုပါဌာနက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
CMEဇီဝဒီဇယ်ဆီ ၁ ရာခိုင်နှုန်း တိုးမြှင့်ရာတွင် ဃနြ လီတာ သန်းပေါင်း ၁၀ဝ မှ ၁၂၀ အထိ ထုတ်ယူနိုင်ရန်အတွက် အုန်းသီး အရေအတွက် သန်း ၉၀ဝ လိုအပ်မည်ဖြစ်ကြောင်း၊ ဃနြ ရောစပ်မှု ကို မြှင့်တင်ခြင်းကြောင့် အုန်းပင်စိုက်ပျိုးသည့် တောင်သူများ၊ ဇီဝ လောင်စာထုတ်လုပ်သူများနှင့် အုန်းသီးစိုက်ပျိုးထုတ်လုပ်သည့် နယ် ပယ်ရှိ အခြားသက်ဆိုင်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ကြောင်း ဖိလစ်ပိုင်စွမ်းအင်ဦးစီးဌာန၏ ပြောကြားချက်အရ  သိရသည်။
CME ကို အုန်းသီးမှ  ထုတ်ယူခြင်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ‌ ဇီဝလောင်စာအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ဒီဇယ်ဆီ၌ ဃနြ ကို ရောနှောအသုံးပြုမှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပြည့်အဝ သုံးစွဲခြင်းကို မဖြစ်စေသော်လည်း ရေနံထွက်ကုန် တစ်မျိုးတည်း အပေါ် အမှီပြုနေရမှုကို လျှော့ချရာတွင် အထောက်အကူပြုမည် ဖြစ်သည်။ 
CME ရောစပ်ထားသော ဇီဝဒီဇယ်ဆီ တစ်လီတာလျှင် ခရီးမိုင် ၁၀ ကီလိုမီတာမှ ၁၁ ကီလိုမီတာခန့် မောင်းနှင်နိုင်သဖြင့် ခရီးမိုင် အနည်းငယ် ပိုမိုတိုးမြှင့်မောင်းနှင်လာနိုင်မည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင် စွမ်းအင်ဦးစီးဌာန၏ ကီလိုမီတာ ၃၀ဝ၀ဝ စမ်းသပ်မောင်းနှင်မှုတွင် ဃနြ ၅ ရာခိုင်နှုန်း ရောစပ်ထားသော ဇီဝလောင်စာသည် ခရီးမိုင်ပိုမို မောင်းနှင်နိုင်မှု သို့မဟုတ် လောင်စာဆီ ထိရောက်စွာ သုံးစွဲနိုင်မှုကို ၁၀ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်စေကြောင်း၊ တစ်နည်းအားဖြင့် လောင်စာဆီ နည်းနည်းဖြင့် ခရီးအကွာအဝေးများများ မောင်းနှင် နိုင်သည်ကို တွေ့ရှိရကြောင်း သိရှိ ရသည်။
အုန်းသီးအခြေခံ ဇီဝလောင်စာ တိုးမြှင့်သုံးစွဲခြင်းသည် ဃနြ ရောစပ်မှုကို နှစ်စဉ် ၁ ရာခိုင်နှုန်းတိုးမြှင့်လျက် ၂၀၂၆ ခုနှစ်အရောက် တွင် ၅ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုမည့် နှစ်ရှည်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ စက်တင်ဘာ ၂၄ ရက် မှ ၃၀ ရက် အထိ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဒီဇယ်ဆီ ပျမ်းမျှဈေးနှုန်း တစ်လီတာလျှင် ၅၄  ဒသမ၇၀ ပီဆိုအပေါ် အခြေခံတွက်ချက်ပါက ဃနြ ရောစပ်မှု ၁ ရာခိုင်နှုန်းတိုးမြှင့်လိုက်သည့်အတွက် စားသုံးသူ များအနေဖြင့် ဆီတစ်လီတာလျှင်  သုညဒသမ၅၀ ပီဆို ချွေတာနိုင် မည်ဖြစ်ကြောင်း၊ ထိုသို့ ချွေတာရရှိနိုင်မည့် တန်ဖိုးသည် စက်သုံးဆီ ဈေးနှုန်း  မြင့်တက်မှုကို ခုနှိမ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဖိလစ်ပိုင် စွမ်းအင်ဦးစီးဌာနကပြောကြားထားသည်။
Source : The Philippine Star, September 30, 2024
 

ပိုးဇာခြည်၊ DOCA