Main menu

Background

ရေမြင့်လျှင်  ကြာမြင့်သည့်  သကြား

Wed, 02/16/2022 - 16:02 -- journal_editor

 မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားသော ကြံစိုက်ပျိုးထွက်ရှိရာဒေသများမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ် နောက်ပိုင်းမှစတင်၍ မန္တလေးဈေးကွက်သို့ သကာရည် (ခေါ်) ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် မန္တလေးမြို့ရှိ သကြားနှင့်သကာရည်ဈေးကွက်တို့မှာလည်း အတက်အကျများစွာဖြင့် ရောင်းဝယ်လျက်ရှိသည်။ 
    ၂၀၂၀ပြည့်နှစ်တွင်  ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားလာခြင်းကြောင့် သကြားအသုံးပြုထုတ်လုပ်သည့်  စားသောက်ကုန်နှင့်မုန့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ယိုစုံလုပ်ငန်းများနှင့်ဖျော်ရည်လုပ်ငန်းများ အခိုက်အတံ့ ရပ်နားခဲ့ရသည်။ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလစတုတ္ထ ပတ်မှစ၍ သကြားဈေးများကျဆင်းခဲ့ပြီး ဈေးကွက်တွင် ခါသကြား တစ်ပိဿာလျှင် ကျပ် ၈၀ဝ-၈၂၀၊ ပေါင်းသကြား တစ်ပိဿာလျှင် ကျပ် ၈၈၀-၉၀ဝဖြင့်သာ ရောင်းဝယ်နိုင်ခဲ့သည်။၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ခါသကြား တစ်ပိဿာလျှင် ကျပ် ၁၇၃၀-၁၇၅၀၊ ပေါင်း သကြား တစ်ပိဿာလျှင် ကျပ် ၁၈၅၀-၁၉၀ဝထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ရှိ သကြားနှင့်သကာရည်ဒိုင်မှ သိရှိရသည်။ 
    ထိုကဲသို့ မြင့်တက်ရခြင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်(၁၉) ရောဂါ ဖြစ်ပွားမှုကြောင့် သကြားနှင့်သကာရည်တို့ဖြင့် လုပ်ကိုင်ရ သောလုပ်ငန်းများ ခေတ္တရပ်နားခဲ့ရခြင်းကြောင့်  ကြံစိုက်တောင်သူများ အရှုံးပေါ်ခဲ့ခြင်းနှင့် ၂၀၂၁ခုနှစ်တွင် ကြံစိုက်တောင်သူများသည် ကြံစိုက်ပျိုးမည့်အစား မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများအား အစားထိုး စိုက်ပျိုးလာခြင်းကြောင့် ယခင်နှစ်များထက် ကြံအထွက်နှုန်း နည်းပါးလာသည်။ ကြံထွက်နည်းပါးခြင်းကြောင့် ယခုနှစ်တွင် ကြံတစ်တန်လျှင် ကျပ် ၆၅၀ဝ၀ဖြင့် ဝယ်ယူရပြီး အလုပ်သမားခနှင့်သယ်ယူ စရိတ် မြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ ခါသကြား တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ-၁၇၅၀၊ ပေါင်း သကြားတစ်ပိဿာလျှင် ကျပ်၁၉၇၀-၂၀ဝ၀နှင့်သကာရည်တစ်ပိဿာလျှင် ကျပ် ၁၄၇၀-၁၄၉၀ထိ မြင့်တက်လာကြောင်း သိရှိရသည်။ 
    ယခုနှစ်တွင် မြန်မာနိုင်ငံမှ ကြံထုတ်ကုန်ဖြစ်သော သကြားခွေများကို ထိုင်းနိုင်ငံသို့   စတင်တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။ နောက်ပိုင်းတွင် ကြံမှ တန်ဖိုးမြှင့်ထုတ်ကုန်များ (ဠေူကန ဗိနိ ဏမသိကခအျ) ပိုမိုထုတ်လုပ်လာနိုင်ပြီး ပြည်ပဈေးကွက်တင်ပို့ရန် အလားလာကောင်းများရှိလာသဖြင့် ကြံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်တွင် စိုက်ဧက များ ပိုမိုတိုးတက်စိုက်ပျိုးကြကြောင်း သက်ဆိုင်ရာ ဌာနစာရင်းများအရ သိရှိရသည်။                                        

   ခင်မေဝင်း(မန္တလေး)