Main menu

Background

ပြည်တွင်းစားသုံးမူနှင့် ပြည်ပတင်ပို့မှု ပုံမှန်ရှိနေသည့်အတွက် သကြားဈေး အနည်းငယ်တက်

Thu, 09/29/2022 - 11:36 -- journal_editor

နှစ်စဉ် မိုးတွင်းကာလသည်    သကြားဈေးကွက်အေးသည့် ရာသီဖြစ်သော်လည်း  လက်ရှိတွင်   ပြည်တွင်းစားသုံးမူနှင့် ပြည်ပ တင်ပို့မှု ပုံမှန်ရှိနေသည့်အတွက် သကြားဈေး  အနည်းငယ် မြင့်တက် 
လျက်ရှိကြောင်း မြန်မာနိုင်ငံ  သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ကြံကြိတ်ရာသီမှာ ဒီဇင်ဘာလလယ်ဖြစ်သည့်အတွက် လက်ရှိ ပြည်တွင်း၌ သကြားလက်ကျန် နည်းပါးလျက်ရှိကာ  ပြည်ပ နထစသမအ ပုံမှန်သွားနေရခြင်းကြောင့် ဈေးကွက်အတွင်း သကြားဈေး  မြင့်တက် နေကြောင်း ယင်းအသင်း အတွင်းရေးမှူး  ဦးစိန်ထွန်းက စက်တင် ဘာ ၂၁ ရက်တွင် ပြောသည်။“သကြားဈေးနည်းနည်းတက်တယ်။ မိုးတွင်းတော့ ပုံမှန် အေး လေ့ရှိတယ်။ ဒါပေမဲ့   ဒီနှစ် အရောင်းအဝယ်ကတော့   ပုံမှန်ရှိတယ်။ အကောင်းကြီးလည်းမဟုတ်ဘူး၊ အဆိုးကြီးလည်းမဟုတ်ဘူး။ ထုတ် လုပ်မှုသုံးစွဲမှုက ပုံမှန်လေးပဲရှိတယ်။ သီတင်းကျွတ်ပြီး နောက်ပိုင်း ပိုသုံးစွဲလာရင်တော့ ဈေးကွက်ပိုကောင်းလာမယ်။ လက်ရှိက export ထွက်ခွင့်ရပြီး ၆၅ ရာခိုင်နှုန်း ၊ ၃၅ ရာခိုင်နှုန်း  လဲခွင့်ရသွားတာဆိုတော့ export သမားလည်း ဝယ်ပျော်သွားတယ်”ဟု ၎င်းက ပြောသည်။ပြီးခဲ့သည့် နှစ်များက သကြားဈေး တစ်ပိဿာလျှင် အများဆုံး ၉၀ဝ ကျပ်ခန့်သာ ရရှိခဲ့သော်လည်း လက်ရှိတွင်တော့ သကြား  တစ် ပိဿာလျှင် ၂၃၅၀ ကျပ်ဝန်းကျင်အထိ ဈေးရရှိနေသည်ဟု ဆိုသည်။လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် သကြားကို ဗီယက်နမ် တစ် နိုင်ငံတည်းသို့သာ တင်ပို့လျက်ရှိပြီး ယခုအချိန်အထိ  တန်ချိန် တစ် သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။ဗီယက်နမ်နိုင်ငံသို့ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှစတင်ကာ သကြား တင်ပို့ခဲ့ခြင်းဖြစ်ပြီး   အဆိုပါနှစ်က   သကြားတန်ချိန် ၁၇၀ဝ၀ဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။''တရုတ်ဘက်ကိုတော့ တင်ပို့မှုမရှိပါဘူး။ ဗီယက်နမ်ဘက်ကို သွားရတာတော့ အခုတော်တော်အဆင်ပြေနေတယ်။ လက်ရှိငွေဈေး နဲ့ အဓိက သူတို့ဘက်က ဝယ်တယ်၊ မဝယ်ဘူးဆိုတာမှာပဲ  
မူတည် တယ်။ ငွေဈေးကောင်းရင် export  ပို့တဲ့သူလည်း အဆင်ပြေတယ်'' ဟု ဦးစိန်ထွန်းက ပြောသည်။မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်း ခန့်ထွက်ရှိပြီး  လက်ရှိတွင် ပြည်တွင်း၌ သကြားလက်ကျန် အိတ်ရေ ခုနစ်သိန်းခန့် ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း သကြားဈေးကွက်မှာ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ် များက အရှုံးပေါ်ခဲ့ပြီး   တောင်သူများအနေဖြင့် ကြံစိုက်ဧကများ လျှော့ချ စိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ   ယခုနှစ်တွင် ဈေးကောင်း ရရှိနေသည့်အတွက် ကြံစိုက်ဧကများ တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ထို့ကြောင့် ယခုနှစ်တွင်    သကြားဈေးကောင်းပြီး ဈေးကွက် အဆင်ပြေသည့်အတွက်   ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် ကြံ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ယင်းအပြင် သကြားစက်ရုံများက   ယခုနှစ်   ကြံကြိတ်ရာသီ အတွက် ကြံဝယ်ဈေးကို ယခင်က တစ်တန်လျှင် ၈၀ဝ၀ဝ ကျပ် ပေး ဝယ်မည်ဟု ပြောဆိုထားသော်လည်း    လက်ရှိတွင် စက်ရုံရောက်ဈေး တစ်တန်လျှင် ကျပ်၉၀ဝ၀ဝအထိ ပေးဝယ်မည်ဖြစ်ကြောင်းသိရသည်။“လာမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီမှာ ကြံကြိတ်တဲ့အချိန်ကို ပေး မယ့်ဈေးကို ကိုးသောင်းဆိုတော့ တောင်သူတွေအတွက်   တွက်ခြေ ကိုက်သွားတယ်။ တွက်ခြေကိုက်တယ်ဆိုပေမယ့်   နည်းနည်းလေး ခိုင်မာသွားတာတဲ့သဘောပေါ့။ မြေသြဇာဈေး၊  ဒီဇယ်ဈေးကအစ ဈေးတက်တယ်ဆိုတော့ တွက်ကြည့်ရမယ်ဆိုရင် မဆိုးဘူးဘဲ  ပြောရ မှာပေါ့''ဟု သကြားစိုက်တောင်သူတစ်ဦးက 
ပြောသည်။မြန်မာ့သကြားဈေးကွက်အခြေအနေမှာ   လာမည့်ရာသီတွင် လည်း စားသုံးသူနှင့်တောင်သူများအားလုံး  အဆင်ပြေလာနိုင်သည့် ဈေးကွက်တစ်ခုဖြစ်လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။