၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံ စားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘို ပေါ်ဆန်းအသစ် တစ်ပြည် ကျပ် ၄၅၀ဝ နှင့် အဟောင်းတစ်ပြည်လျှင် ကျပ် ၅၀ဝ၀၊ ဧည့်မထ တစ်ပြည် ၃၂၀ဝနှင့် ငစိန်တစ်ပြည် ကျပ် ၂၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၄၀ဝ ၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ကျပ် ၂၂၀ဝ ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ ၊ ချင်းတက် တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ၊ ငရုတ်သီးခြောက်အမျိုးအစားအလိုက် ၁၆၀ဝ၀ ကျပ်မှ ၁၈၀ဝ၀ ကျပ်ထိ ၊ အာလူးတစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညင်းရွက်၊ ဆလတ်ရွက်တစ်စည်းလျှင် ကျပ် ၂၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၈၀ ကျပ်၊ အသေးတစ်လုံး ၂၀ဝ၊ ဘဲဥကြီး တစ်လုံး ၃၅၀ကျပ်၊အသေးတစ်လုံး ၃၀ဝ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀ဝ၀ ကျပ်၊ ကြက်သား (ဃဏ)တစ်ပိဿာလျှင် ၁၀ဝ၀ဝ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀ဝ၀ဝ ကျပ် ၊ အမဲသား တစ်ပိဿာလျှင် ၂၀ဝ၀ဝ ကျပ်ထိ ၊ ငါးကြင်း တစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀ဝ၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၈၀ဝ၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၈၀ဝ၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်၊ ငါးဘတ်တစ်ပိဿာ လျှင် ၁၂၀ဝ၀ ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၁၀ဝ၀ကျပ်၊ ငါးခြောက် လက်လီဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀ဝ၀ ကျပ် ငါးရံ့ ခြောက်တစ်ပိဿာ ၅၀ဝ၀ဝ ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာ ၁၆၀ဝ၀ ကျပ်၊ ငါးနီ တူခြောက် တစ်ပိဿာ ၁၂၀ဝ၀ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၅၀ဝ၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၆၀ဝ၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
ချောစုထွေး(မိတ္ထီလာ)