အတွဲု(၁၅)အမှတ်(၉)
မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ ရှိ ကုန်စုံပစ္စည်းများအား နမ့်ဖာလုံဈေးမှ တစ်ဆင့် လက်လီတင်ပို့ ရောင်းချခြင်း များအပြင် ရေထွက်ကုန်၊ စက်မှုကုန် ချော၊ လယ်ယာထွက်ကုန်ပစ္စည်းများကို နယ်စပ်အမှတ် (၁) ဂိတ်မှ တရားဝင် တင်ပို့လျက်ရှိပြီး နှစ်စဉ်တိုးတက်လျက် ရှိပါတယ်။ တမူးမှ တစ်ဖက်အိန္ဒိယနိုင်ငံ နဲ့ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကုန်သည်လုပ်ငန်း ရှင်များ အဓိကရင်ဆိုင်ကြုံတွေ့ရတဲ့ ကုန်သွယ်မှု အတားအဆီးတွေကတော့ တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ်အတွင်း ရှိ မြေအောက်လက်နက်ကိုင် အဖွဲ့ အစည်းများက မိုရေး-အင်ဖာကုန်သွယ် မှုလမ်းကြောင်းအား မကြာခဏပိတ်ဆို့ ခြင်း၊ ကုန်သွယ်မှုယာဉ်များအား ဆက် ကြေးကောက်ခံခြင်း၊ ဆက်ကြေးမရရှိပါ က ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်သည်များအား ဖမ်းဆီးခေါ်ဆောင် ခြင်းများ မကြာခဏ ပြုလုပ်နေတဲ့ အတွက် ရက်ရှည်ကုန်သွယ်မှု မကြာခ ဏ ရပ်တန့် ခြင်းနဲ့ စတဲ့အခက်အခဲတွေ ဖြစ်ပါ တယ်။ အဲလို ကုန်သွယ်မှုရပ်တန့် သွားတဲ့ အချိန်များမှာ မိမိတို့ဘက်မှ တရားဝင်တင်ပို့ရန် နယ်စပ်သို့ ရောက် ရှိလာတဲ့ ကုန်ပစ္စည်းများကို တင်ပို့နိုင် ခြင်းမရှိတော့ဘဲ ယာဉ်စစ်ကွင်းရှိ ဂိုထောင်လေးလုံးနဲ့ မြို့တွင်းရှိ ဂိုထောင် များမှာ သိုလှောင်ထားပြီး တစ်ဖက်နိုင်ငံ အခြေအနေအား စောင့်ကြည့် နေကြရ ပါတယ်။ နယ်စပ်သို့ ရောက်ရှိလာတဲ့ ပို့ကုန်ပစ္စည်းတွေထဲမှာ လယ်ယာထွက် ကုန်ပစ္စည်းပမာဏ များပြားတဲ့အတွက် တစ်ဖက်နိုင်ငံလမ်းပိတ်ဆို့မှုများနဲ့ ကြုံ တွေ့ရချိန်မှာ ပစ္စည်းများပျက်စီးလေ လွင့်မှု မရှိစေရေး နေလှန်းရခြင်း၊ အညံ့ များ ရွေးထုပ်ရခြင်း၊ ပြန်လည်ထုပ်ပိုး ခြင်းတို့ကို ဆောင်ရွက်ကြရပါတယ်။ အချို့ကုန်စည်များကို ပြန်လည်ထုပ်ပိုး ပြုပြင်မှု မလုပ်နိုင်တဲ့အတွက် တန်ရာ တန်ကြေးမရရှိဘဲ အနိမ့်ဈေးနဲ့ အရှုံးခံ ရောင်းချရမှုများလည်း ရှိနေပါတယ်။
၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်မှစပြီး ကုန်သွယ်မှုမှာ တစ်စထက်တစ်စ တိုးတက် လာပြီး အဓိကပို့ကုန်ဖြစ်တဲ့ ကွမ်းသီး အပါအဝင် ကုန်ပစ္စည်းတင်ပို့မှု ပမာဏ များပြားလာချိန်မှာ တစ်ဖက်နိုင်ငံရဲ့ လမ်းပိတ်ဆို့မှုများကို မကြာခဏကြုံ တွေ့နေရတဲ့အတွက် ဂိုထောင်လိုအပ် ချက်များ ရှိလာပါတယ်။ ဒီကိစ္စကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် တမူးနယ် စပ်ကုန်သည်ကြီးများအသင်းမှ သက် ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြ ခဲ့ပါတယ်။
ထို့နောက် နယ်စပ်အမှတ် (၁) ဂိတ်အနီးရှိ Town Plan အရ ကုန်သွယ် ရေးဇုန်သတ်မှတ်ထားတဲ့ မြေနေရာမှာ ကော်မတီတစ်ခုဖွဲ့စည်းကာ အများပိုင် ယာယီဂိုထောင်တစ်လုံး တည်ဆောက် ပေးခဲ့ပါတယ်။ ယာဉ်စစ်ကွင်း၌ အစစ် ဆေးခံပြီးသော်လည်း တစ်ဖက်နိုင်ငံ သို့တင်ပို့နိုင်ခြင်းမရှိသေးသော ကွမ်း သီးများအား သိုလှောင်ထားရှိစေခြင်း၊ နေလှန်းခြင်း၊ အညံ့များရွေးထုတ်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်းများကို ဆောင် ရွက်ခဲ့သည့်အတွက် ဈေးနှိမ်ခံရမှုများ မဖြစ်တော့ဘဲ တန်ရာတန်ကြေးဖြင့် ရောင်းချနိုင်ခဲ့ကာ အကျိုးအမြတ်များ ပိုမိုရရှိလာခဲ့ပါတယ်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် လယ် ယာထွက်ကုန်ပစ္စည်းများ ပိုမိုတိုးတက် ကာ ဂိုထောင်များ ပိုမိုလိုအပ်လာပါ တယ်။ ဒါကြောင့် နယ်စပ်ကုန်သည်ကြီး များအသင်းမှ ဒေသအုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာဌာနများ သို့ တင်ပြညှိနှိုင်း၍ ယာယီဂိုထောင် ၁၀ လုံးခန့်အား ဂိတ် (၁) အနီး ကုန်သွယ် ရေးဇုန် လျာထားမြေနေရာတွင် ထပ်မံ တည်ဆောက်ခဲ့ကြပါတယ်။
ထပ်မံ တည်ဆောက်ထားပြီး ဖြစ်သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကွမ်းသီးတင်ပို့မှုမှာ ဧပြီလမှ အောက်တိုဘာလအထိ တန်ချိန် ၁၅၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ နိုင်သည့် ပမာဏထက် တန်ချိန် ၅၀၀၀ ကျော် ပိုမိုတင်ပို့လာနိုင်သည့် အတွက် ဂိုဒေါင်လိုအပ်ချက်မှာလည်း ပိုမိုလိုအပ် လျက်ရှိနေဆဲဖြစ်ပါတယ်။
ထိုသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ကွမ်းသီးကို ပိုမိုတင်ပို့ လာနိုင် ပါတယ်။ ဒါကြောင့် မိမိဘက်မှာ ဈေး ကွက်ဖြစ်ပေါ်ပြီး ကြိုက်ဈေးဖြင့် ရောင်း ချနိုင်ရေး၊ တစ်ဖက်နိုင်ငံရဲ့ လမ်းပိတ် ဆို့မှု အခြေအနေကြောင့် သိုလှောင် ထားရှိရာတွင် ပျက်စီးလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ မိမိဘက်မှ ဈေးကွက် အသာစီး ရရှိရေးနဲ့ ကြိုက်ဈေးဖြင့် ထိန်း ချုပ်ရောင်းချနိုင်ရေးတို့အတွက် တမူး နယ်စပ်ကုန် သွယ်ရေးစခန်းတာဝန်ခံက မြေပြင်အခြေအနေများအား လေ့လာ ချက်အရ ဂိုထောင်တည်ဆောက်ရန် လိုအပ်နေတဲ့ ကုန်သွယ်ရေးဇုန်လျာ ထားမြေနေရာဖြစ်တဲ့ ကံကြီးဝလမ်းနှင့် နယ်စပ်လမ်း (ဒေသအခေါ် ဗိုလ်နိုင် ဝင်းလမ်း) အကြား မြေနေရာမှာ ယာယီ ဂိုထောင်များ ထပ်မံတည်ဆောက်နိုင် ရေးအတွက် သက်ဆိုင်ရာခရိုင်အုပ်ချုပ် ရေးမှူးထံတင်ပြပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက် ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ နယ်စပ်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများနှင့် တမူး နယ်စပ်ကုန်သွယ်ရေးစခန်း အစည်း အဝေးခန်းမတွင် အစည်းအဝေးပြုလုပ် ခဲ့ကာ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့မှ ဖျက်သိမ်းခိုင်းပါက ချက်ချင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ခံဝန်ကတိ အား မြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် လက်မှတ်ရေးထိုးထားရှိရေး၊ ၎င်းင်း ယာယီဂိုထောင်များတွင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သိုလှောင် ထားရှိမှုမရှိစေရေး၊လိုအပ်ပါက Mobile Team အဖွဲ့များမှ ဝင်ရောက် စစ်ဆေး မည်ဖြစ်ပြီး အစစ်ဆေးခံနိုင်ရန် စာရွက် စာတမ်း အထောက်အထားများအား စနစ် တကျ ထားရှိရေး၊ မီးဘေးလုံခြုံရေး အတွက် မီးသတ်ရေကန်များ၊ ရေပုံးများ စနစ်တကျထားရှိရေး၊ ညပိုင်းတွင် ကုန်ပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရေး နှင့် လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း များ စနစ်တကျ ထားရှိရေးတို့အား ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဂိတ် (၁) အနီးရှိ ယာယီဂိုထောင်များ ဆောက်လုပ်မည့် မြေနေရာအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေ စာရင်းဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာ ရေးအမှုဆောင်အရာရှိတို့မှ ကွင်းဆင်း တိုင်းတာ ကြည့်ရှုစစ်ဆေးပြီး မြေနေရာ သတ်မှတ်ပေးကာ ဂိုထောင်အလုံး ၂၀ အား ထပ်မံတည်ဆောက်ခွင့်ပေးခဲ့ပါ တယ်။
ယာယီဂိုထောင်များ ထပ်မံတည် ဆောက်နိုင်ရေး ဒေသအုပ်ချုပ်ရေးအဖွဲ့ အစည်းများနဲ့ သက်ဆိုင်ရာ ဌာနများမှ စီမံဆောင်ရွက်ပေးခဲ့တဲ့အတွက် လက် ရှိအခြေအနေတွင် တစ်ဖက်နိုင်ငံအတွင်း လမ်းပိတ်ဆို့သည့် အချိန်များ၌ မိမိတို့ ဘက်မှ ပို့ကုန်ပစ္စည်းများအား ပျက်စီး လေလွင့်မှုမရှိစေရေး ပြန်လည်ထုပ်ပိုး ပြင်ဆင်နိုင်ခြင်း၊ နယ်စပ်အနီးတွင် တစ်ဖက်နိုင်ငံမှ လာရောက်တဲ့ကုန် သည်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်ခြင်း၊ ဈေးကွက်အသာစီးရရှိခြင်းတို့ကြောင့် ပို့ကုန်၊ သွင်းကုန် လုပ် ငန်းလုပ်ကိုင်နေသော ကုန်သည် လုပ် ငန်းရှင်များအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကာ မိမိကုန်ပစ္စည်းအား ကြိုက် ဈေးဖြင့် ထိန်းချုပ် ရောင်းချနိုင်နေပြီဖြစ် ပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေး စခန်း OSS အဖွဲ့အနေဖြင့် ကုန်သည်လုပ်ငန်း ရှင်များရဲ့ အခက်အခဲများအား နေ့စဉ်OSS အစည်းအဝေးများနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးများတွင် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပို့ကုန်ပစ္စည်းများ အား မိမိတို့ဘက်မှ ကုန်သည်လုပ်ငန်း ရှင်များရဲ့ စီမံခန့်ခွဲမှုအောက်တွင် ဈေး ကွက်ဖြစ်ပေါ်စေရေးတို့အတွက် စဉ် ဆက်မပြတ် လေ့လာစောင့်ကြည့်၍ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင် ရာဌာနများနဲ့ လိုအပ်သလို ညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေး စခန်း ရဲ့ ငါးနှစ်အတွင်း ကုန်သွယ်မှုပမာဏကို ကြည့်လျှင် ပို့ကုန်အသာစီး ရလျက်ရှိတဲ့ အပြင် ကုန်သွယ်မှု ၆ ဆကျော်တိုးတက် လာတာ တွေ့ရပါတယ်-