Main menu

Background

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကာလတူထက် ကုန်သွယ်မှုပမာဏပိုမို

Thu, 01/05/2023 - 14:18 -- journal_editor

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ပို့ကုန် အမေရိကန်ဒေါ်လာ  ၅ ဒသမ ၈၆၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၈ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၃၈ သန်း ဖြစ်၍ ယခင်နှစ်ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၅၉ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၇ သန်း ပိုမိုခဲ့သဖြင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၂၆ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် မြေပဲဆန်၊ မြေပဲ(အခွံပါ) ၊ ဆီးဖြူသီးခြောက်၊ ပြောင်း၊ ဆန်၊ ဆန်ကွဲ၊ လက်ဖက်ခြောက်၊ ရော်ဘာကြမ်း၊ နှမ်းနက်၊ ကြံ၊ နှံစားပြောင်း၊ မြေထောက်ပဲတို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တင်သွင်းမှု လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုအုပ်စုနှင့် လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် တင်သွင်းမှု ပိုမိုခဲ့သောကြောင့် သွင်းကုန်ပိုင်းတွင်ပိုမိုခဲ့ပြီး  ကုန်သွယ်မှုပမာဏအနေဖြင့် ယခင်နှစ်ကာလတူထက် ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ့် (DOT)