Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Sat, 02/04/2023 - 22:41 -- journal_editor

ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၁၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၉၇ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၁၂  သန်းဖြစ်သည်။ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၈ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၂ သန်း ပိုမိုခဲ့ကြောင်းသိရသည်။ 

ပို့ကုန်ပိုင်းတွင် ပဲနီကြား၊ ပဲတီစိမ်း၊ ပဲယင်းတင်ပို့မှု လျော့နည်းခဲ့သော်လည်း ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ သခွားမွှေး၊ နနွင်းတက်၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပိုခဲ့သောကြောင့် ပို့ကုန် ပိုမိုခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များ၊ အခြားစက္ကူများ၊ မီးဖိုချောင်သုံးပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့ သော်လည်း ချည်ထည်များ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊  ဓာတ်မြေသြဇာများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်ပတ်ထက် သွင်းကုန်တင်သွင်းမှု ပိုမိုခဲ့ခြင်းဖြစ်သည်။

အိမ့် (DOT)