Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

Thu, 03/16/2023 - 15:00 -- journal_editor

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၈၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၉၆ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၁၈၁ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် ၂၁၅၈ စီး၊ သွင်းကုန် ၅၈၂ စီး ဆောင်ရွက်နိုင် ခဲ့သည်။ ယခင်တစ်ပတ်က ပို့ကုန်ဆောင်ရွက်မှု အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၉၁ သန်းနှင့် သွင်းကုန်ဆောင်ရွက်မှု အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၉၉၃ သန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၈၄ သန်း ဆောင်ရွက်နိုင် ခဲ့သည်။
အဓိကပို့ကုန်ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မြေပဲဆန်၊ ကုလားပဲ၊ လက်ဖက် ခြောက်၊ နှံစားပြောင်း၊ ဆီးဖြူသီးခြောက်၊ ချင်း(အစို)၊ ငရုတ်သီး(အစို)၊ ရော်ဘာတို့ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ယခင်တစ်ပတ်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉၄ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု တင်သွင်းမှု လျော့နည်းခဲ့သော်လည်း၊ လူသုံးကုန်ပစ္စည်းအုပ်စုနှင့် လုပ်ငန်းသုံး ကုန်ကြမ်းအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့် ယခင်တစ်ပတ်ထက် အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်းပိုမိုခဲ့၍ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း