![](http://commercejournal.com.mm/sites/default/files/styles/large/public/field/image/corn_5.jpg?itok=PHW60pTw)
ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၀၆၀ဝ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၃ သန်းရရှိသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၂၅၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၄၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာ တန်ချိန်၄၈၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန်၂၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ခန့်နှင့် အိန္ဒိယနိုင်ငံ သို့ ရော်ဘာ ၁၃၈ တန်ခန့်တင်ပို့သည်။
ယခုလအတွင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၆၀၆ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၂၉၀ ကျော် တင်ပို့နိုင်သည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်းတန်ချိန် ၂၂၉၀ဝ ခန့်ရှိပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၂၆ ဒသမ ၇၀၉ သန်း ရရှိသည်။ ယခင်လ ရော်ဘာတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၆၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်မှ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဒသမဝ၃၄ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၉၄၁၉၀ တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၈၀၅၅၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းတန်ချိန် ၇၃၀ဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း၅၈၃၉ တန် နှင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၅၀ဝ တင်ပို့ခဲ့သည်။
ယခုလအတွင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ဝ၇၉ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၀၈၇၀ဝ ကျော် တင်ပို့ပြီး တင်ပို့သောနိုင်ငံများမှာ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၉၉၈၅၀ ခန့်နှင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၈၆၀ ကျော်တင်ပို့ သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု စုစုပေါင်းတန်ချိန် ၂၀၂၈၉၀ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၁၃ သန်း ရရှိသည်။ ဇန်နဝါရီလ ပြောင်းတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ပြောင်း တန်ချိန် တစ်သိန်းတစ်သောင်းကျော် ပိုမိုတင်ပို့ခဲ့သည်။
အေးအေးသန့်(DOT)