Main menu

Background

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုအခြေအနေ

Thu, 03/30/2023 - 15:31 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေပဲဆန်၊ ပဲယင်း၊ စွန်တာနီပဲ၊ ရော်ဘာ၊ ရော်ဘာကြမ်း၊ ငရုတ်သီး (အစို)၊ လက်ဖက်ခြောက်၊ ဝဥခြောက်၊ ပြောင်းနှင့် နှံစားပြောင်းတို့ကို အဓိကထားတင်ပို့လျက်ရှိသည်။ 

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့  ယခုတစ်ပတ်တွင် ပို့ကုန်တစ်တန်လျှင် ကျပ် ၇၀ဝ၀ဝ ရှိကြောင်း သိရှိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်းများမှာ ပဲတီစိမ်း ၆၉၀-၇၂၀ ဒေါ်လာနှုန်းခန့်၊ ထောပတ်ပဲ ၇၁၈ ဒေါ်လာနှုန်းခန့်၊ မြေပဲဆန် ၁၅၅၀-၁၆၀ဝ ဒေါ်လာနှုန်း၊ ပဲယင်း ၉၇၇-၁၀ဝ၃ ဒေါ်လာနှုန်း၊ စွန်တာနီ ၅၅၃ ဒေါ်လာနှုန်း၊ ရော်ဘာR.S.S-3 ၁၁၆၉ ဒေါ်လာနှုန်း၊ ရော်ဘာကြမ်း ၇၀ဝ ဒေါ်လာနှုန်း၊ ငရုတ်သီး(အစို) ၃၁၈ ဒေါ်လာနှုန်း၊ လက်ဖက်ခြောက် ၁၉၈ ဒေါ်လာနှုန်း၊ ဝဥခြောက် ၁၆၅၈ ဒေါ်လာနှုန်း၊ ပြောင်း ၃၃၀ ဒေါ်လာနှုန်းရှိခဲ့ပြီး နှံစားပြောင်း မှာ ၃၅၂ ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။                                                                                

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း