Main menu

Background

မန္တလေးမြို့မှာ ကြက်မျိုးခြံနဲ့ ကြက်သတ်စက်ရုံ တည်ဆောက်မည်

Mon, 10/07/2013 - 14:06 -- ydnar

မန္တလေးမြို့မှာ ကြက်မျိုးခြံနဲ့ ကြက် သတ်စက်ရုံ တည်ဆောက်ဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ Mandalay  Livestock  Development  Co.,Ltd မှ ကိုနေသူရိန်က '' ကြက်မျိုးခြံ လုပ် ချင်ပေမဲ့ အစိုးရအကူအညီ မပါရင် မလွယ်ပါဘူး။ ကျွန်တော်တို့မှာ ငွေရှိပေ မယ့် လုပ်ခွင့်ရှိပေမယ့် လုပ်လို့မရပါဘူး။ အဓိကက မြေနေရာပါပဲ။ မြေနေရာ ရှိရင် လုပ်လို့ရပါတယ်။ အခုဆို ကြက် ပေါက်တွေ မလုံလောက်လို့ လစဉ် သွင်းနေရပါတယ်။ မွေးမြူရေးအစာ အဆင့်မြင့်ဆောင်ရွက်ဖို့ ဆောင်ရွက် နေပါတယ်။

အရင်က ပရိုတင်းအတွက် ကို ငါးခြောက်သုံးရပါတယ်။ ငါးခြောက် လည်းရှားလာလို့ ပဲပုပ်နဲ့ အသုံးပြုဖို့ လုပ် နေပါတယ်။ မွေးမြူရေးအစာမှာ ပဲပုပ် ကို ဘယ်လိုအသုံးပြုမလဲဆိုတာ ဟော ပြောပွဲ ပြုလုပ်ခဲ့ပြီးပါပြီ။
ပဲပုပ်ဖတ် ကွန်တိန်နာ ၄ လုံး လောက် ရောင်းပြီးပါပြီ။ အမေရိကန်က နို့စားနွားမျိုးချောင်းသွင်းပြီး၊ ဖြန့်ပေး နေတာလည်း ရှိပါတယ်။ ကြက်သတ် စက်ရုံ အတွက်လည်း ခုနှစ်ကုန်ပိုင်း လောက်မှာ ဆောင်ရွက်ဖို့ စီစဉ်နေပါ တယ်။ ခွင့်ပြုချက်ရရင် တည်ဆောက် သွားပါမယ်။ ကြက်မွေးမြူရေးအတွက် ဈေးနှုန်း အပြောင်းအလဲ မရှိအောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ် " လို့ ပြောပါတယ်။
ကြက်သတ်စက်ရုံကို မတ္တရာမြို့ နယ်၊ သရက်ကန်တောင်ကွင်း ကျေးရွာ အုပ်စုမှာ မြေ ၁၀ ဧကပေါ်မှာ တည် ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်းများကို အိန္ဒိယ နိုင်ငံမှ ဝယ်ယူသွားမယ်လို့ သိရပါ တယ်။
ဇူးဇူး - မန္တလေး