Main menu

Background

ဒီဇင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ ရေထွက်ကုန်တန် ၄၂၀၀ ကျော် တင်ပို့

Mon, 01/06/2014 - 07:34 -- ydnar

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် နယ်စပ် ကုန်သွယ်ရေးစခန်းမှ  ဒီဇင်ဘာလ၂၅ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၉၁ သန်းဖိုးရှိ ရေထွက်ကုန်တန် ၁၀၄၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၅၅ တန်ခန့့် လျော့နည်းခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၀၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ် သော ကဏန်း ၂၁၁ တန်ကျော်၊ ငါးရှဉ့် ၅၈ တန်ကျော်၊ ရေခဲငါး ၃၀၅ တန်ခန့်၊ ငါးဆားနယ် တန် ၁၀၀ ကျော်၊ ငါးလေးခြောက် ၂၇၄ တန်ခန့်၊ ငါး ခြောက် ၂၁ တန်နီးပါး၊ ပုစွန်ခြောက် ၄၂ တန်ခန့်၊ ကင်းမွန်ခြောက် ၁ တန် ကျော်၊ ငါးပူတင်း အရေခွံခြောက် ၃ တန်၊ ငါးစီဖောင်း ၁ တန်နီးပါး၊ ငါးမြစ် ချင်းစီ ဖောင်း ၅ တန်ခန့်၊ ငါးကြင်းစီ ဖောင်း ၅ တန်ကျော်နဲ့ပင်လယ်မျှော့ ခြောက် တန်ဝက်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက တန် ၁၆၀ ခန့်လျော့နည်းခဲ့ပါတယ်။ ကဏန်း၊ ငါးရှဉ့်၊ ရေခဲငါးနဲ့ ငါးဆားနယ်တို့အပို့ ပိုသော်လည်း အခြားရေထွက်ကုန်များ အပို့လျော့နည်းခြင်းကြောင့်ဖြစ်ပါတယ်။ ယခုအပတ် မူဆယ်တွင် ကဏန်း၊ ငါး ရှဉ့်ဈေးများ ယခင်အပတ်ထက်ဈေးပို ရလာပါတယ်။ ငါးရှဉ့်တစ်တန်လျှင် ၄၄၄၁၅၀၀ ကျပ် (၃၃၀၀၀ ယွမ်၊ ၅၄၁၇ ဒေါ်လာ) နဲ့ ကဏန်းတစ်တန် လျှင် ၂၆၈၄၆၄၀ ကျပ် (၃၅၄၁၆ ယွမ်၊ ၅၈၁၃ ဒေါ်လာ) ဈေးပေါက်ကြောင်း သိရှိ ရပါတယ်။
ချင်းရွှေဟော်စခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၀၈၇ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၉ တန်ခန့်တင်ပို့ခဲ့ပြီး ယခင် အပတ်ကထက် ၅ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
မူဆယ်နဲ့ ချင်းရွှေဟော် စခန်း များမှ ဒီဇင်ဘာလတစ်လလုံးမှာ ကန် ဒေါ်လာ ၉ ဒသမ ၃၉၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၂၂၈ တန်ခန့်ကိုတင်ပို့ နိုင်ခဲ့ပြီး၊ အနီးစပ်ဆုံးနိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါကတန် ၁၅၀၀ ကျော် လျော့ နည်းခဲ့ကြောင်း စာရင်းများအရ သိရှိ ရပါတယ်။
ယဉ်ယဉ်အေး  MIRT (DCCA )