Main menu

Background

စစ်တွေနယ်စပ်မှ ဇန်နဝါရီလအတွင်း ရေချိုငါး တန် ၄၀၀ ကျော် တင်ပို့

Thu, 02/06/2014 - 05:20 -- ydnar

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်းမှာ ကန်ဒေါ်လာ သုည  ဒသမ ၄၇၈ သန်းတန်ဖိုးရှိ ရေချို ငါး တန် ၄၄၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ရေချိုငါးများကတော့ ငါးမြစ်ချင်းနဲ့ ငါးခေါင်းပွတို့ဖြစ်ပြီး ငါးလေးခြောက်၊ ငါးနီတူခြောက် ၁၆ တန်နဲ့ ငါးသေတ္တာ ခြောက် ၁၁ တန်ကိုလည်း တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်ဒီဇင်ဘာလကထက် တန် ၃၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယဉ်ယဉ်အေး MIRT ( DCCA )