Main menu

Background

ကကတစ်ငါး(ကပေါင်း) ဈေးကွက်အကြောင်း တစေ့တစောင်း

Wed, 11/23/2022 - 14:24 -- journal_editor

ကကတစ်ငါး(ကပေါင်း)ကို မြိတ်မြို့၌ ‌ရေချိုတွင်လည်းကောင်း၊ ရေငန်တွင်လည်းကောင်း၊ ရေချိုရေငန်အစပ်တွင်လည်းကောင်း စီးပွား ဖြစ် မွေးမြူကြပြီး မြေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်ပြင်တွင် လှောင်အိမ်ဖောင်များဖြင့် မွေးမြူလျက်ရှိသည်။  ကကတစ်ငါး (ကပေါင်း)ကို ငါးသားပေါက် ၁၀ဝ၀ဝ ခန့် မွေးမြူလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၂၉၄၀ဝ၀ဝ၀ ကုန်ကျမည်ဖြစ်ပြီး ငါးဖော်ချိန်၌ ကကတစ်ငါး (ကပေါင်း)  အရှင် ၈၀ ရာခိုင်နှုန်း အောင်မြင်ပါက ရရှိနိုင်မည့် အကျိုးအမြတ်မှာ  ကျပ် ၅၆၀ဝ၀ဝ၀ဝ ခန့်ရရှိ၍ အသားတင် အမြတ်အစွန်းမှာ  ကျပ် ၂၃၈၀ဝ၀ဝ၀ ခန့် ရရှိနိုင်မည်ဖြစ်သည်။  ငါးစတင်မွေးမြူချိန်မှ ငါးဖော်ချိန်အထိ အချိန်ခြောက်လကြာမြင့်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြိတ်ဒေသ၌ ကကတစ်ငါး(ကပေါင်း) တစ်ပိဿာလျှင်  ၆၀ဝ၀ ကျပ် မှ  ၈၀ဝ၀ ကျပ်ဈေးအထိ ရရှိခဲ့ပြီး ယခုနှစ် ၂၀၂၂ ခုနှစ်တွင် စက်သုံးဆီဈေးနှုန်းနှင့် ငါးအစာဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မွေးမြူသည့် ကုန်ကျစရိတ်မှာလည်း ယခင်နှစ်ထက် ပိုမိုကုန်ကျခဲ့သည့်အတွက် ရောင်းချရသည့်တန်ဖိုးမှာ   တစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၀  မှ  ကျပ် ၁၅၀ဝ၀ ခန့်အထိ  ရရှိခဲ့သည်။ ကကတစ်ငါး (ကပေါင်း)ကို ဒေသတွင်းစားသုံးရန် ရောင်းချပြီး ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများသို့ အအေးခန်း ကွန်တိန်နာဖြင့်  တင်ပို့ရောင်းချလျက်ရှိ ကြောင်း ကကတစ်ငါး(ကပေါင်း) မွေးမြူလုပ်ကိုင်သူထံမှ သိရှိရသည်။                        

မယ်သီ(မြိတ်)