Main menu

Background

တနင်္သာရီတိုင်းဒေသကြီး ပုစွန်ခြောက်ဈေးကွက်

Thu, 02/02/2023 - 16:13 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အများဆုံး အသက်မွေးဝမ်း ကျောင်းပြုသည့် တိုင်းဒေသကြီးဖြစ်သည်။ မြန်မာ့ဟင်းလျာများ  ချက်ရာတွင် အသုံးတည့်လှပြီး ရိုးရာ လက်ဖက်သုပ်များ  စားသုံးရာတွင်လည်း မပါမဖြစ်သော အိမ်ရှင်မများအကြိုက် ပုစွန်ခြောက်များကို ထားဝယ်၊ မြိတ်ကျွန်းစုနှင့် ပုလောမြို့တို့တွင် အများအပြား ထွက်ရှိသည်။ ပုစွန်ခြောက်ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်းနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ပုစွန်ကို နေပူလှန်း အခြောက်ခံပြီး ဒုတိယတစ်မျိုးမှာ ပုစွန်ကိုပြုတ်၍ ပုစွန်ကင်သည့် စင်(ဖို)ပေါ်တင်ပြီး မီးငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရသည်။ 
နွေဦးကာလဆိုလျှင် ပုစွန်ခြောက်ဈေးမှာ ပုံမှန်ဈေးနှုန်းသာဖြစ်ပြီး မိုးတွင်းကာလဆိုလျှင် ပုစွန်လှန်းရန် ခက်ခဲသောကြောင့် ဈေးနှုန်းအနည်းငယ်ပိုပေး၍ ဝယ်ယူရကြောင်း သိရှိရသည်။ လတ်တလော ထားဝယ်မြို့တွင်ဖြစ်ပေါ်နေသောဈေးနှုန်းမှာ ရေချို(ရှယ်)တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ဝ၊ ရေချို(အလတ် စား) တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ၀၊ ရိုးရိုးပုံမှန် တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ၀ - ၃၇၀ဝ၀ နှုန်း ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
သဲသဲ (ထားဝယ်)