
တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများဖြစ်သော ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သဖြင့် ငါးပိ၊ ငါးခြောက်များ ထွက်ရှိရာဒေသဖြစ်သည်။ မျှင်ငါးပိကို ပြုလုပ်ရာတွင် မျှင်များကို တစ်ရက်လုံးနေလှန်း ပြီးနောက် မျှင်ခြောက်များအား ဒေသရိုးရာ လက်ထောင်းဆုံဖြင့် ပြုလုပ်လျက်ရှိသည်။ ငါးခြောက်ပြုလုပ်ရာတွင် ငါးအစို ကိုခွဲပြီး ဆားသိပ် နေလှန်းပြုလုပ်ကြောင်း သိရှိရပါသည်။
ထားဝယ်မြို့တွင် ဈေးကွက်တွင် ရောင်းချလျက်ရှိသော ငါးနီတူ တစ်ပိသာလျှင် ၁၁၀ဝ၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိသာ လျှင် ၂၅၀ဝ၀ ကျပ်၊ ငါးဒေါင်းကျင်း တစ်ပိသာလျှင် ၁၃၀ဝ၀ကျပ်၊ စာပလပ်ခြောက် တစ်ပိသာလျှင် ၁၃၀ဝ၀ကျပ်ရှိပြီး မျှင်ငပိ တစ်ပိသာလျှင် ၄၀ဝ၀ ကျပ်မှ ၈၀ဝ၀ ကျပ်ထိ အစားစားရှိကြောင်း စုံစမ်းသိရှိရသည်။
သဲသဲ(ထားဝယ်)