Main menu

Background

မူဆယ်နယ်စပ် ပို့ကုန်တွင် ငါးရှဉ့်တင်ပို့မှု အများဆုံး ပါဝင်နေ

Mon, 04/24/2023 - 16:05 -- journal_editor

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပို့ကုန်များတွင် ငါးရှဉ့်တင်ပို့မှု အများဆုံး ပါဝင်နေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။  ကိုဗစ်(၁၉)ကပ် ရောဂါဖြစ်ပွားချိန်တွင် ငါးရှဉ့်၊ကဏန်းစသည့် ရေထွက်ကုန်တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းမှ စတင်၍ ပြန်လည်တင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မူဆယ်(၁၀၅)မိုင်   ကုန် သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့အများ ဆုံး တင်ပို့နေသည့် ပို့ကုန်အမယ်များတွင် ငါး ရှဉ့် ပြန်လည်ပါဝင်လာခြင်းဖြစ်ကြောင်း  သိရ သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့လျက်ရှိသည့် အများဆုံး ပို့ကုန်ပစ္စည်းများ ဖော်ပြရာတွင်  မြေပဲဆန်၊ သခွားမွှေး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ငရုတ်သီး (အစို)၊ ကဏန်း၊ အလူမီနီယံသတ္တု၊ နေလဲစေ့ တို့ ပါဝင်ကြောင်း သိရသည်။
ငါးရှဉ့်တင်ပို့မှု ကိန်းဂဏန်းအနေဖြင့် ၂၆ ဒသမ ၉၆တန်အထိရှိပြီး ပြည်တွင်းကုမ္ပဏီများနှင့် တရုတ်နိုင်ငံရှိ ကုမ္ပဏီများကြား ကုမ္ပဏီချင်း ချိတ်ဆက်၍ တရားဝင်တင်ပို့နေ ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊   ဇွန်လမှ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ခုနစ်လကျော် ကာလအတွင်း  ငါးရှဉ့်တန်ချိန် တစ်သောင်း နီးပါးနှင့် ကဏန်းတန်ချိန်   ငါးထောင်ကျော် တင်ပို့ထားနိုင်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ပြည်ပပို့ကုန် အုပ်စုအလိုက် ကာလတူ တင်ပြမှုစာရင်းများအရ မြန်မာနိုင်ငံအနေဖြင့် ဧပြီလမှ မတ်လ ၃ ရက်အထိ ၁၁ လကျော် ကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ စုစုပေါင်း သန်း ၇၀ဝ နီးပါး ရရှိထား ကြောင်း သိရသည်။

ပန်းဆု