Main menu

Background

စနစ်သစ် မြစ်ငါးတန် မွေးမြူရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု အလားအလာကောင်းများ

Tue, 04/25/2023 - 12:18 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အနေဖြင့် ဆန် စပါးကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက်ရှိသလို မွေးမြူရေး ကဏ္ဍနှင့်   ငါးလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင်မြင် အောင် ဆောင်ရွက်လျက်ရှိသည်။
စနစ်သစ် ငါးတန်မွေးမြူရေး စီမံကိန်းကို ဧက ၉၀ဝ ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရေရရှိမှုအနေဖြင့် ရွှေလောင်းချောင်းမကြီးမှ  တိုက်ရိုက်သွယ်ယူ၍   ရေကိုသဘာဝအတိုင်း   ဆင်းသက်စေပြီး ဘီတာ အကောင်ရေ တစ်သိန်းမှစ၍ စုဆောင်းမွေးမြူခဲ့ရာ တစ်နှစ်ပတ်လုံး မျိုးဖောက်နိုင်ရေးအတွက် စနစ်သစ်  ငါးတန်မွေးမြူ ရေးလုပ်ငန်းစဉ်များအတိုင်း မျိုးဖောက်ကန် အရွယ်အစား အလိုက် ငါးမွေးကန်ရေဆိုးထုတ်ခြင်း၊ အောက်စီဂျင် လွှတ်ပေးခြင်း၊ အလိုအလျောက် အစာကျွေးစနစ်တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက ပြည်ပက နှစ်သက်သောဈေးကွက်ဝင် ဈေးကောင်းရ အရည်အသွေး ကောင်းသော ငါးတန်များထုတ် လုပ်လျက်ရှိနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
စနစ်သစ် ငါးတန်မွေးမြူရေးသည် စီမံကိန်းလုပ်ငန်းအစတွင် ကန်ကြပ်မွေးမြူရေးစနစ်ကို အသုံးပြုခဲ့ပြီး တစ်မီတာပတ်လည်တွင်  ၃၅ ကောင်နှုန်းဖြင့် စတင်မွေးမြူသည်မှစ၍  ၁၀ဝ ဂရမ်အောက် ငါးများအတွက် ပြည်တွင်းထုတ် ထူးသစ်ရေပေါ် စာ နှစ်ရာခိုင်နှုန်း၊ ၁၀ဝ ဂရမ်အထက်  အရွယ်တက်လာပါက လေး ရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းအထိ  အစားတိုးကျွေးပြီး  ၁၀ဝ ဂရမ်နှင့်  ၂၀ဝ ဂရမ်ကြားတွင် ထူးသစ်ရေပေါ်စာကို တစ်ရာခိုင်နှုန်းမှနှစ်ရာခိုင်နှုန်းထိ လျှော့ကျွေးပြီး ငါး၏ ကြီး ထွားနှုန်းနှင့် အာဟာရပြည့်ဝသော ငါးတန်များရရှိရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ ရှိရသည်။၂၀၂၂-၂၀၂၃ ခုနှစ်တွင် စနစ်သစ်ငါးတန်မွေးမြူ ရေးစီမံကိန်းမှာ မြေသားကန်များထက်    ပိုမိုကောင်းမွန်သော သံကန် ၉၀ နှင့် စနစ်သစ်ရေဆိုးထုတ်စနစ်၊ သဘာဝရေဖြည့် သွင်းခြင်းစနစ်နှင့်  ဥမှစ၍ ဈေးကွက်ဝင်ငါးတန်များရရှိလာသည်အထိ သမါညေငခ ငါးတန်များ  ထုတ်လုပ်ရောင်းချနိုင်လာ သည်။  ငါးတန်ဈေးကွက်ကို   ရန်ကုန်သို့   နေ့စဉ် ပိဿာ ၁၅၀ဝ၀ တင်ပို့ဈေးကွက်ရရှိနေပြီး၊ ငါးတန်တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ရရှိနေကြောင်း ငါးမွေးမြူရေး တာဝန်ခံ ပြောပြချက်အရ သိရှိခဲ့ရသည်။ ၈၀ ကျပ်သား၊ ၉၀ ကျပ်သား ရှိ ငါးတန်များကို ရန်ကုန်တွင် ငါးတန်ခြောက် ပြုလုပ်ရောင်းချလျက် ရှိနေကြောင်းနှင့် မွေးစမှရှစ်လအတွင်း ကန်ဖော်ရောင်းချနိုင်သည့် ဈေးကွက်ဝင်ငါးတန်များ  ရရှိကြောင်း သိရသည်။  ပြည်ပဈေးကွက် ရရှိနိုင်ရေးအတွက်   အအေးခန်းစက်ရုံနှင့် အသားလွှာစက်ရုံ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရုံမက ငါးတန်မွေးမြူရေး ငါးသားပေါက်မှစ၍ ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား  လိုအပ်ချက်အပေါ် ငါးမွေးကန် စက်ရုံ၊ အလုပ်ရုံနှင့် လူနေ အိမ်၊ ရုံးခန်းများအတွက် ကိုယ်ပိုင် Gasifier  မီးပေးနိုင်ရေးအစီအစဉ်များ  ဆောင်ရွက်လျက်ရှိကြောင်း ရှင်းပြဆွေးနွေးခဲ့သည်။
လျှပ်စစ်ဓာတ်အား  ထုတ်ပေးနိုင်ရေးအတွက် ရေဆိုး သန့်စင်နည်းစနစ်ကို အိန္ဒိယမှပညာရှင်များနှင့်   ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဂယ်စီဖိုင်ယာမီးပေးနိုင်ရေး စီမံကိန်း ပြီးဆုံးပါက နေ့စဉ် Global Earth Argo & Aqua public Co., Ltd.  က စနစ်သစ် မြစ်ငါးတန်မွေးမြူရေး လုပ်ငန်းခွင်တစ်ခုလုံးကို  အချိန်ပြည့်  လျှပ်စစ်ပေးနိုင်ရုံသာမက ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပေးပို့ ဆောင်ရွက်သွားနိုင်မည့် အခြေအနေကောင်းများကို လေ့လာတွေ့ရှိခဲ့ရသည်။ သို့ဖြစ်ပါ၍ ငါးတန်မွေးမြူရေး အောင်မြင်မှု အခွင့်အလမ်းကောင်းများ၊  တန်ဖိုးမြှင့်ထုတ်လုပ်မှုအပေါ် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု  မရှိသလောက် နည်းပါးခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော Gasifier မီးပေးနိုင်ရေး စသည့် စီးပွားရေးအခြေခံကောင်းများနှင့်   လူမှုပတ်ဝန်းကျင်ကောင်းများအား တွေ့ရှိရသည်။ လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့  ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများ တင်ပို့နေမှုပမာဏသည် အိမ်နီးချင်းနိုင်ငံတို့၏ တင်ပို့မှုပမာဏထက် နည်းပါးနေသောကြောင့် ပြည်ပဝယ်ယူမှု ပမာဏမြှင့်တင်ရာတွင် သဘာဝမြစ်ချောင်းများမှ ငါးများကို ဖမ်းဆီးရောင်းချခြင်း ထက် စနစ်သစ် မွေးမြူရေးနည်းလမ်းများကို အောင်မြင်စွာ  ဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း တင်ပြလိုက်ရပါသည်။                                        

  Comsumer Mt