ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ် ကဏန်းမွေးမြူရေးဇုန်မှ တစ်လလျှင် ကဏန်းပျော့ တန်ချိန်၇၀ထုတ်လုပ်ပြီး တရုတ်နိုင်ငံ သို့ တင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများကို ပြည်ပ နိုင်ငံအနှံ့ တင်ပို့လျက်ရှိရာ ကျောက်တန်းမြို့နယ် မွေးမြူရေးဇုန်မှ ပြည်ပတင်ပို့ရန် ရည်ရွယ်၍ မွေး မြူထားသည့် ကဏန်းပျော့များကို တရုတ်(တိုင်ပေ) သို့ တင်ပို့နေခြင်းဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယင်း မြို့နယ်အတွင်း ကဏန်းမွေးမြူရေးဇုန် ထူထောင် ကာ နထစသမအ ကဏန်းအမျိုးအစားဖြစ်သည့်ကဏန်း ပျော့ကို မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရ သည်။ကဏန်းပျော့ကို ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းမှာသာမက အခြားတိုင်းဒေသကြီးနှင့် ပြည် နယ်အချို့တွင်လည်း မွေးမြူလျက်ရှိပြီး ဧရာဝတီ တိုင်းအတွင်းရှိ ကဏန်းပျော့ မွေးမြူသူများအနေ နှင့် ပြည်ပတင်ပို့မှုအပြင် ပြည်တွင်းစားသုံးသူများ အတွက်လည်း ရောင်းချပေးနေကြောင်း သိရ သည်။အဆိုပါကဏန်းပျော့လုပ်ငန်းသည်ကဏန်း အခွံမာကောင်များကို ဝယ်ယူပြီး ခြေထောက်နှင့် လက်လေးချောင်းတို့ကို ဖြတ်တောက်ကာ ရေထဲချ အစားကျွေးမွေးမြူရခြင်းဖြစ်ကြောင်း သိရသည်။
ရေထဲချလိုက်သည့် ကဏန်းအခွံမာများ လေးနာရီခြားတစ်ခါ အရေခွံပြောင်းလဲချိန်တွင် ကဏန်းပျော့ရရှိစေရန်အတွက် ရေထဲမှ အလျင် အမြန်မီအောင် ဆယ်ယူရကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပတင်ပို့သည့် ကဏန်းဈေး ကျဆင်းနေပြီး တစ်ကီလိုဂရမ်လျှင် မြန်မာကျပ်ငွေ ၁၄၀ဝ၀ ကျပ်မှ ၂၅၀ဝ၀ ကျပ်အထိသာ ဈေးရရှိနေ ကြောင်း သိရသည်။
ပြည်တွင်းမှ ကဏန်းအပါအဝင် ရေထွက် ပစ္စည်းများ ပြည်ပတင်ပို့မှုအနေဖြင့် ရေထွက် ပစ္စည်းတန်ချိန် ၁၈၀ဝ ကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ လစဉ်တင်ပို့မှု ရှိနေသည့်အပြင် အာရှ နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများသို့လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့်နယ်စပ် ကုန် သွယ်မှုလမ်းကြောင်းများမှ တင်ပို့လျက်ရှိကြောင်း သိရသည်။
ပန်းဆု