Main menu

Background

ဆန်အမြောက်အမြားပိုလျှံနေခြင်းကို တိုက်ဖျက်ရန် ထိုင်းနိုင်ငံက ထုတ်လုပ်မှုလျှော့ချ

Wed, 02/18/2015 - 19:36 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ထိုင်းနိုင်ငံသည်  ပြည်တွင်း၌ ဆန်ပိုလျှံမှုကို လျှော့ချရန်နှင့် ဈေးနှုန်း များ မြှင့်တင်နိုင်ရန်အတွက် ထုတ်လုပ် မှု လျှော့ချရန်စီစဉ်လျက်ရှိပါသည်။ လယ်သမားများအနေဖြင့် စပါးအစား ကြံ ပြောင်းလဲစိုက်ပျိုးစေရေး အတွက် အတိုးနှုန်း သက်သာသော ချေးငွေအပါ အဝင်မက်လုံးများဖြင့် တိုက်တွန်းအား ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။အစားထိုးသီးနှံများ စိုက်ပျိုးခြင်း နှင့်ပတ်သက်၍ အကောင်းဆုံးနည်း ပညာများကို စိုက်ပျိုးသူများအား သင် ကြားပေးနိုင်ရန် ကြိုးပမ်းမည်ဆိုပါက အောင်မြင်နိုင်မှု ရာခိုင်နှုန်းများမည် ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာ တွင် သီးနှံအများစုသည် စပါးထက်စွန့် စားရမှုများသောကြောင့် လယ်သမား များအား စွန့်စားရမှုဆိုင်ရာ စီမံဆောင် ရွက်မှု နည်းလမ်းများကို ပံ့ပိုးပေးရန် အရေးကြီးကြောင်း စိုက်ပျိုးရေးအဖွဲ့ ဗန်ကောက်အခြေစိုက် ကုလသမဂ္ဂစား နပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) မှ စီးပွားရေးပညာရှငMr.Dav-id Dawe  ကပြော ကြားခဲ့ပါသည်။
    ပြည်တွင်းစားသုံးမှု၊ ပြည်ပတင် ပို့ မှုတို့နှင့် ဟန်ချက်ညီစေရန်စပါးထုတ် လုပ်မှုကိုလျှော့ချရန် ရည်ရွယ်ထား ကြောင်း၊ လယ်ယာစိုက်ပျိုးရေးဒုတိယ ဝန်ကြီးMr.Apichat  ကပြောကြားခဲ့ပါ သည်။ ဆန်ထုတ်လုပ်မှုကို ၂၀၁၆-၂၀၁၇ သီးနှံရာသီတွင် တန်ချိန် ၃၃ ဒသမ ၇ သန်းအထိ လျှော့ချရန် ရည်မှန်းထားပါ သည်။ ပျမ်းမျှအားဖြင့် ပြီးခဲ့သည့် ၆ နှစ် အတွင်း ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၅ ဒသမ ၁ သန်း ရှိခဲ့ပါသည်။
အစိုးရအနေဖြင့် စိုက်ပျိုးမြေရိုင်  သုည ဒသမ ၄ ╜ရိုင် ခန့် (ဧကလေး သောင်း) ၌ ခြောက်သွေ့ရာသီအတွင်း စပါးစိုက် ပျိုးခြင်းမပြုရန် ရည်ရွယ်ထား ပါသည်။ စီမံကိန်းအရထုတ်လုပ်ရန် ရည်ရွယ် ထားသည့် တန်ချိန် ၃၃ ဒသမ ၇ သန်း သည် ၂၀၀၉-၂၀၁၀ ရာသီ၌ ထွက်ရှိခဲ့သည့် ပမာဏခန့်ဖြစ်ကြောင်း၊ ခန့်မှန်း ထားသည့် ပိုလျှံမှုသည် ၂၀၁၆-၂၀၁၇ ရာသီ၌တန်ချိန် ၁ ဒသမ ၁ သန်းသို့ လျော့နည်းသွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီတွင်တန်ချိန် ၂ သန်းသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
ရီရီမွန်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့