Main menu

Background

လာအိုနိုင်ငံအား အီးယူက ယူရိုသန်း ၆၀ ခန့်ကူညီပေးသွားမည်

Wed, 02/18/2015 - 19:37 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

  ၂၀၁၄-၂၀၁၅ ခုနှစ်ကာလအတွင်း လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကူညီပံ့ပိုးနိုင်ရန် ယူရို သန်း ၆၀ ခန့် သုံးစွဲသွားရန် လျာထားကြောင်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဥရောပကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အီးယူသည် အခြေခံပညာရေး၊ အစားအစာနှင့် အာဟာရဓာတ်ဖူလုံရေး၊ ကောင်းမွန် သော အုပ်ချုပ်မှု ခိုင်မာလာစေရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးစသည့် ကဏ္ဍများကို ကူညီထောက်ပံ့ ပေးမည် ဖြစ်ပါသည်။
     လာအိုနိုင်ငံသည် ၂၀၂၀ ပြည့် နှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် မှ ရုန်းထွက်နိုင်ရန် ရည်မှန်းချက် ချမှတ် ထားပါသည်။ အီးယူသည် လာအို၏ အဆိုပါရည်မှန်းချက် အကောင်အထည် ဖော်နိုင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတို့ကို ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။လာအိုနိုင်ငံ၏ ကျေးလက်ဒေသ များတွင် ဆင်းရဲမှု တိုက်ဖျက်ရေးကို
ပံ့ပိုးပေးရန်နှင့် အစားအစာနှင့် အာဟာရ ဓာတ်ဖူလုံရေးကို တိုးတက်စေရန်အတွက် ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးသည် မရှိမဖြစ် အရေးပါ လှပါသည်။ ထို့ကြောင့် အီးယူသည် ရေရှည်ခံစိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရဓာတ်ဖူလုံရေးစသည့် ကဏ္ဍများတွင် ဘဏ္ဍာ ငွေပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ အာဟာရဓာတ်အလွန် အမင်းချို့တဲ့ လျက်ရှိသော ဆင်းရဲသည့် လူ့အဖွဲ့အစည်းများအနေဖြင့် အရည် အသွေးကောင်းသော အစားအစာများ တစ်နှစ်ပတ်လုံး ရရှိ နိုင်စေရေးကိုလည်း အီးယူက ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ပါသည်။ မပေါက်ကွဲသေးသော စစ် လက်နက်ပစ္စည်းများ ရှင်းလင်းဖယ်ရှား ရေးနှင့် ပတ်သက်၍ အီးယူသည် လာအိုနိုင်ငံအား ဆက်လက်ပံ့ပိုးသွား မည် ဖြစ်ပါ သည်။
ထို့ပြင် အခြေခံပညာရေးကို လူ တိုင်းတန်းတူညီမျှ ရရှိနိုင်စေရေး အတွက်လည်း အီးယူသည် လာအိုနိုင်ငံ အား ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။ လာအိုနိုင်ငံတွင် ပိုမိုကောင်းမွန်သော ပညာ သင်ကြားရေးနှင့် သင်ယူရေး ကိရိယာများရရှိနိုင်မှု တိုးတက်လာ စေခြင်းဖြင့် ပညာရေးဆိုင်ရာ အရည် အသွေးများ မြင့်မားစေရေးကို အီးယူက အဓိကဦးတည်ဆောင်ရွက်မည် ဖြစ်ပါ သည်။
ကောင်းမွန်သောအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့် အရေး စသည့်ကဏ္ဍရပ်များနှင့် ပတ် သက်၍ အီးယူသည် လူထုပါဝင်နိုင်မှု တိုးတက်ကျယ်ပြန့်လာစေခြင်း၊ အရပ် ဘက်လူ့အဖွဲ့အစည်း ပါဝင်ဆောင်ရွက် နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်အား ဖန် တီးရေးကို ပံ့ပိုးပေးခြင်း၊ လူ့အခွင့်အရေး များနှင့် တရားဥပဒေစိုးမိုးရေးတို့အား မြှင့်တင်ဆောင် ရွက်ခြင်းစသည့် နည်း လမ်းများကို အဓိကဦးတည်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
   နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင် ရွက်မှု အစီအစဉ်အရ အီးယူသည် လာအို နိုင်ငံကို ဆက်လက်ကူညီ ထောက်ပံ့နိုင် ရန် အဆိုပါဘဏ္ဍာငွေများအား လျာ ထားသတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ လာအိုနိုင်ငံအနေဖြင့် အဆိုပါနှစ်ဦးနှစ် ဖက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အရ ကူညီထောက်ပံ့မှုများအပြင် အခြားသောအီးယူ၏ အကြောင်းအရာ အလိုက်နှင့် ဒေသအလိုက် အစီအစဉ် များအရ ကူညီ ထောက်ပံ့မှုများကိုလည်း ဆက်လက်ရ ရှိမည်ဖြစ်ပါသည်။ အကြောင်း အရာအလိုက်နှင့် ဒေသအလိုက်အစီ အစဉ်များတွင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ လူသားနှင့် လူမှုရေးရာဖွံ့ဖြိုးတိုးတက်မှု၊ အစားအစာဖူလုံရေး၊ ရေရှည်တည်တံ့မှု ရှိသောစွမ်းအင်နှင့် ကုန်သွယ်ရေး စသည်တို့ ပါဝင်ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့