Main menu

Background

ကိုရီးယားနိုင်ငံတွင် ဒေါက်တာဘွဲ့ ရရှိထားသူများ၏ ထက်ဝက်ခန့်မှာ တရုတ်လူမျိုးများဖြစ်

Wed, 02/18/2015 - 19:39 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

   ကိုရီးယားသမ္မတနိုင်ငံတွင် fPh.D    ဒေါက်တာဘွဲ့ရ နိုင်ငံခြားသားများ ၏ ထက်ဝက်ခန့်မှာတရုတ်လူမျိုးများဖြစ် ကြသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ ကKorea Research Institute for Vocational Education & Training  က ထုတ်ဝေသောစာရင်းအရ ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော် ဝါရီလအတွင်း ဒေါက်တာဘွဲ့ ရရှိခဲ့သည့် နိုင်ငံခြားသား ၇၅၃ ဦးတွင် ၃၃၃ ဦး (၄၄ ဒသမ ၈ ရာခိုင်နှုန်း)သည် တရုတ်နိုင်ငံမှဖြစ်ကြသည်။ ယင်းတို့ အနက်မှ အိန္ဒိယမှ ၇၅ ဦး (၁၀ ဒသမ ၁ ရာခိုင်နှုန်း)၊ ဗီယက်နမ်မှ ၇၂ ဦး (၉ ဒသမ ၇ရာခိုင်နှုန်း)နှင့် ပါကစ္စတန်မှ ၃၆ ဦး (၄ ဒသမ ၈ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။
ဘာသာရပ်များအနေဖြင့် အင်ဂျင်နီယာဘာသာရပ်တွင် အများဆုံး ဖြစ်ပြီး ၃၀ ဒသမ ၉ ရာခိုင်နှုန်း၊ သဘာဝသိပ္ပံဘာသာတွင် ၂၇ ရာခိုင်နှုန်း၊ လူမှုသိပ္ပံတွင် ၁၄ ဒသမ ၉ ရာခိုင်နှုန်း၊ လူမှုဗေဒတွင် ၁၂ ဒသမ ၉ ရာခိုင် နှုန်းနှင့် ဆေးပညာဘာသာရပ် တွင် ၉ ရာခိုင်နှုန်းတို့ အသီးသီးဖြစ်ကြ သည်။ ဒေါက်တာဘွဲ့ရသူများတွင် အမျိုးသမီးဦးရေ ပိုများပြီး ၄၆၄ ဦး(၆၁ ဒသမ ၆ ရာခိုင်နှုန်း) ဖြစ်ကြသည်။ အဘယ်ကြောင့် ကိုရီးယားတွင်Ph.D ဘွဲ့ယူသနည်းဆိုသည့် မေးခွန်းအပေါ် တွင် ဓာတ်ခွဲခန်း Lab  များအပါ အဝင် သုတေသနပြုလုပ်ရန် အကောင်းဆုံး ပတ်ဝန်းကျင်ဖြစ်သည်ဟု ၃၇ ဒသမ ၆ ရာခိုင်နှုန်း ကဖြေဆိုပြီး၊ သုတေသန ဌာနများနှင့် ကော်ပိုရေးရှင်း များတွင် အလုပ်ရရှိကြသည့် Ph.D  ကျောင်းသား အရေအတွက်မှာ ဘွဲ့ ရစုစုပေါင်း၏ ထက်ဝက်ကျော် ၅၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့အပြင် ကိုရီးယားတွင် အလုပ်ရှိကြသော နိုင်ငံခြားသား Ph.D ီ ဘွဲ့ရ စုစုပေါင်း ၁၄၆ ဦးအနက်မှ ၄၄ ဦး (၃၀ ဒသမ ၁ ရာခိုင်နှုန်း) သည် ကိုရီးယားတွင် ကာလ ကြာရှည်နေထိုင်လိုကြောင်း ဖြေကြားခဲ့ကြသည်။
သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့