Main menu

Background

ရေနံဈေးကျ၍ ဇန်နဝါရီလ ပို့ကုန် ကျဆင်းလာကာ ဒေါ်လာ ၄၅ ဒသမ ၄ ဘီလီယံသာရှိ

Wed, 02/18/2015 - 19:47 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ကိုရီးယား၏ ရေနံဓာတု ထုတ်ကုန်ပစ္စည်းများ ပြည်ပ တင်ပို့မှု ကျဆင်းသွားခဲ့၍ ဇန်နဝါရီလအတွင်း ပြည်ပ ပို့ကုန်ပမာဏ ကျဆင်းခဲ့သည်။ ဇန်နဝါရီလအတွင်း ပြည်ပပို့ကုန်တန်ဖိုး သည် ဒေါ်လာ ၄၅ ဒသမ ၃၇ ဘီလီယံသာရှိ၍ ယခင်လကထက် သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ရေနံဓာတုထုတ်ကုန် ပစ္စည်းများ ပြည်ပတင်ပို့မှုကို ဖယ်ထုတ်ထားပါက အခြားကုန် ပစ္စည်းများ ပြည်ပတင်ပို့မှုသည် ၆ ဒသမ ၆ ရာခိုင်နှုန်း တက်လာကြောင်း သိရသည်။
အမှန်တစ်ကယ်မှာ ရေနံနှင့်ရေနံ ဓာတုထုတ် ကုန်များ ပြည်ပတင်ပို့မှု ပမာဏသည် ၁၃ ဒသမ ၂ ရာခိုင် နှုန်းနှင့် ၄ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး တက် လာခဲ့ သော်လည်း ရေနံဈေးနှုန်း တောက်လျှောက် ကျဆင်းခဲ့သဖြင့် ကုန်ပစ္စည်းတန်ဖိုးများမှာမူ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ (-၃၈ ဒသမ ၅ ရာခိုင်နှုန်း) နှင့် ဒေါ်လာ ၈၀၀ မီလီယံ (-၁၉ ဒသမ ၈ ရာခိုင်နှုန်း) အသီးသီး ကျဆင်းခဲ့သည်။ ကျန်ကုန်ပစ္စည်းများ ဖြစ်သည့် ရေယာဉ်နှင့်ပတ်သက်သည့် ကုန်ပစ္စည်းများ (၆၂ ဒသမ ၅ ရာခိုင်နှုန်း)၊ ကွန်ပျူတာများ (၁၅ ဒသမ ၂ ရာခိုင်နှုန်း)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း များ (၁၃ ဒသမ ၇ ရာခိုင်နှုန်း)၊ အထွေထွေစက်မှုကုန်များ (၆ ဒသမ ၉ ရာခိုင်နှုန်း) တို့အသီးသီးတိုးတက်တင် ပို့နိုင်ခဲ့သည်။ စမတ်ဖုန်းများ တင်ပို့နိုင်မှုသည် ဗစစူန ှုညခ. နှင့် တရုတ်ပြိုင်ဘက်များ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့၍ ယခင် လထက်စာလျှင် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သံမဏိ ပစ္စည်းများသည် (-၂ ဒသမ ၄ ရာခိုင် နှုန်း)၊ မော်တော်ကားပစ္စည်းများ (-၄ ဒသမ ၁ ရာခိုင် နှုန်း) တို့အသီးသီး ကျဆင်းခဲ့သည်။ ဒေသအလိုက် ကြည့် လျှင် ရုရှားတွင် စီးပွားရေးပြဿနာများ ရှိ၍ ရုရှားနှင့် အီးယူတို့သို့ တင်ပို့နိုင်မှု ကျဆင်းခဲ့ကြောင်း သိရ သည်။              
   သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့