Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အီးယူက ဆက်လက်ကူညီပံ့ပိုးသွားမည်

Wed, 02/18/2015 - 20:00 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

    ၂၀၁၄-၂၀၂၀ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကူညီပံ့ပိုးနိုင်ရန် ယူရို သန်း ၆၉၀  ခန့်  သုံးစွဲသွားရန်  လျာထား ကြောင်း ၂၀၁၄ ခုနှစ်အတွင်း ဥရောပ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့  ပါသည်။လွန်ခဲ့သောနှစ်များတွင် အီးယူ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပညာရေး၊ လူမှုရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များ ကောက်ခံခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေခြင်း၊ ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး စသည့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ နည်းလမ်းမျိုးစုံ အပေါ် ကူညီပံ့ပိုးမှု  ပေးခဲ့ပါသည်။ ၂၀၀၇-၂၀၁၃ ကာလအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံအား အီးယူ၏ ကူညီထောက်ပံ့ မှုပမာဏ စုစုပေါင်းမှာ ယူရို သန်း ၄၀၃ ခန့်ရှိခဲ့ပါသည်။ ၂၀၁၄-၂၀၂၀ ကာလ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဘဏ္ဍာ ငွေ ထောက်ပံ့မှုပေးနိုင်ရန် အီးယူ၏လျာထားချက်မှာ ဒီမိုကရေစီအစိုးရ ခိုင်မာလာစေရေး (ယူရိုသန်း ၁၀၃-၁၃၈၊ စုစုပေါင်းထောက်ပံ့ငွေ၏ ၁၅ ရာ ခိုင်နှုန်း - ၂၀ ရာခိုင်နှုန်း)၊ အစားအစာ နှင့် အာဟာရဓာတ် ပြည့်ဝဖူလုံရေး (ယူ ရို သန်း၂၇၆-၃၁၀၊ စုစုပေါင်း ထောက်ပံ့ ငွေ ၏ ၄၀ ရာခိုင်နှုန်း- ၄၅ ရာခိုင်နှုန်း) ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေး (ယူရိုသန်း ၂၇၆-၃၁၀၊ စုစု ပေါင်း ထောက်ပံ့ငွေ၏  ၄၀ ရာခိုင်နှုန်း- ၄၅ ရာခိုင်နှုန်း) နှင့် အခြားသော ပံ့ပိုးမှု နည်းလမ်းများ (ယူရို၇သန်း၊ စုစုပေါင်း ထောက်ပံ့ငွေ၏ ၁ ရာခိုင် နှုန်း) တို့ဖြစ် ကြပါသည်။         

        ဖြူနှင်းဝတ်ရည်၊
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့