Main menu

Background

ထိုင်းဝန်ကြီးချုပ်၏ ဂျပန်နိုင်ငံခရီးစဉ်က ဂျပန်နှင့်ထိုင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တက်စေမည်

Wed, 02/18/2015 - 20:03 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ဂျပန်နိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ကျယ်ပြန့်စွာဆောင် ရွက်ရန်ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဂျပန် နိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံနှင့် ထိုင်းတို့လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာကို ဖေဖော်ဝါရီ ၃ ရက်နေ့၌ အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပါသည်။ နားလည်မှု စာချွန်လွှာတွင် ထားဝယ်စီမံ ကိန်း၊ ရထားလမ်းသစ် တည်ဆောက် ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ခြင်း စသည်တို့တွင် ပူးပေါင်း  ဆောင်ရွက်မှုကို အသားပေးထား ကြောင်း သိရှိရပါသည်။
     ဂျပန်နိုင်ငံအနေဖြင့် ထားဝယ်စီ မံကိန်းတွင် ပါဝင်ရန်မကြာသေးခင်က ကျင်းပခဲ့သည့်အစည်းအဝေး၌သဘော တူ ခဲ့ပြီးဖြစ်ကြောင်း၊ ထားဝယ်နှင့်ထိုင်း နယ်စပ်ကိုဆက်သွယ်ပေးမည့် ၁၃၈ ကီလိုမီတာကားလမ်းတည်ဆောက်ရေး အတွက် အတိုးနှုန်းသက်သာသော ကာလ ရှည်ချေးငွေ (Soft Loan)ထုတ်ချေး ပေးဖွယ်ရှိကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံ သည် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကုမ္ပဏီ(Dawei SEZ Dev-elopment Co.DSEZ) တွင် စီးပွားဖက် အဖြစ်ပါဝင်ဆောင်ရွက်ရန် သဘောတူ ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ သည်DSEZ  ကို မတည်ရင်းနှီးမြှုပ်နှံငွေ ဘတ် ၁၂ သန်းဖြင့်ထိုင်းနိုင်ငံ၌ ကုမ္ပဏီ မှတ်ပုံတင်၍တည်ထောင်ခဲ့ပါသည်။ ထို့ပြင်ဆိပ်ကမ်း၊ ကားလမ်း၊ရထားလမ်း၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ၊ ရေ ပေးဝေရေး၊ စက်မှုဇုန်များ၊ ဆက်သွယ် ရေးစသည်တို့ကို စီမံခန့်ခွဲရန်အထူး ကုမ္ပဏီကိုမြန်မာနိုင်ငံ၌ မှတ်ပုံတင် တည်ထောင်ရန်သဘောတူခဲ့ပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်ကလည်း ထိုင်းနိုင်ငံ၏အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက်ဂျပန်နိုင်ငံ၏အဆင့်  မြင့်နည်းပညာများ၊ အသိပညာများ၊ အလားတူစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ များဖြင့် ပံ့ပိုးကူညီရန်ကတိပြုခဲ့ပါသည်။ ဒေသတွင်းဆက်သွယ်မှုကိုမြှင့်တင်ခြင်း နှင့် ထိုင်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် ရထားလမ်းပို့ဆောင် ရေးသည် ကြီးမားစွာအရေးပါကြောင်း နှစ် နိုင်ငံစလုံးမှယူဆကြပါသည်။
ဂျပန်-ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အပါအဝင်စီးပွားရေးအရဆက်ဆံမှု ပိုမို အားကောင်းလာရေးဆောင်ရွက်ရန် ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ၏ယှဉ်ပြိုင်မှုစွမ်းအားမြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုပိုမိုအားကောင်းလာစေရန် ဆောင် ရွက်ကြမည် ဖြစ်ပါသည်။
      ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ် ၏ (လာမည့်ရက်သတ္တပတ်တွင်သွား ရောက်မည့်) ဂျပန်နိုင်ငံခရီးစဉ်အတွင်း ထိုင်းကုန်သည်ကြီးများအသင်းနှင့် ထိုင်း စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ထိုင်း ဘဏ်လုပ်ငန်းရှင်များအသင်းတို့သည် ဂျပန်နိုင်ငံ၌ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများမြှင့်တင်ရန် ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့  (Japan External Trade Organization-JETRO)  နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမည် ဖြစ်ပါသည်။ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သည်  ဂျပန် - ထိုင်းစီးပွားရေးဖိုရမ်အဖွဲ့နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်း ချုပ်(Japan Business Federation/Keidanren)တို့နှင့်တွေ့ဆုံရန်စီစဉ်ထား ကြောင်းသိရှိရပါသည်။
ရီရီမွန်၊
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့