Main menu

Background

ဖွံ့ ဖြိုးမှုအနည်းဆုံးအာရှနိုင်ငံများမှ အီးယူ၏ဆန်တင်သွင်းမှုတိုးတက်လာ

Wed, 02/18/2015 - 20:04 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

    GSP(EBA)အစီအစဉ်အရ ဖွံ့ဖြိုး မှုအနည်းဆုံး အာရှနိုင်ငံများမှ အီးယူ၏ဆန်တင်သွင်း မှုသည် ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ် (၂၀၁၄ ခုနှစ်၊ စက်တင် ဘာလမှ ၂၀၁၅ ခုနှစ်၊ သြဂုတ်လအထိ) ၏ ပထမငါးလတွင် တန်ချိန်၁၀၆၆၄၉ ခန့်ရှိခဲ့ပါသည်။ ထို့ကြောင့် ယခင်နှစ် ကာလတူဖြစ်သော ၂၀၁၃-၂၀၁၄ ဈေး ကွက်နှစ် (၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လမှ ၂၀၁၄ ခုနှစ်၊ သြဂုတ်လအထိ)၊ ပထမငါးလတွင် အဆိုပါနိုင်ငံများမှ အီးယူ၏ဆန်တင်သွင်းမှု တန်ချိန် ၁၀၆၁၅၇ ခန့်နှင့် နှိုင်းယှဉ်ပါ က အနည်းငယ်တိုးတက်လာပါသည်။
၂၀၁၄-၂၀၁၅ ဈေးကွက်နှစ်တွင် အီးယူသည် ဖွံ့ဖြိုးမှုအနည်းဆုံးအာရှ နိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်များကိုအဓိကတင်သွင်းခဲ့ပြီး ဖွံ့ဖြိုး မှု အနည်းဆုံးအာရှနိုင်ငံများမှ စုစု ပေါင်း တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ် ၏ ပထမငါးလတွင် ကမ္ဘောဒီးယားနိုင်ငံ မှ အီးယူ၏ဆန်တင်သွင်းမှုသည် တန်ချိန် ၈၅၂၈၀ ခန့်ရှိရာလွန်ခဲ့သော နှစ်ကာလ တူ(တန်ချိန် ၉၉၀၈၇) နှင့် နှိုင်းယှဉ်ပါက ကမ္ဘောဒီးယားနိုင်ငံမှ အီးယူ၏တင်သွင်းမှုသည် ၁၄ ရာခိုင်နှုန်း ခန့်ဆင်းသွားခဲ့ ပါသည်။
    ၂၀၁၄-၂၀၁၅ ဈေးကွက်နှစ်တွင် အီးယူသည် ဖွံ့ဖြိုးမှုအနည်းဆုံးအာရှ နိုင်ငံများအနက် မြန်မာနိုင်ငံမှဆန်များ ကို ဒုတိယအများဆုံးတင်သွင်းခဲ့ပြီး ဖွံ့ဖြိုး မှုအနည်းဆုံးအာရှနိုင်ငံများမှ စုစု ပေါင်းတင်သွင်းမှု၏ ၁၈ ရာခိုင်နှုန်း ခန့် ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဈေးကွက် နှစ်၏ပထမငါးလတွင် မြန်မာနိုင်ငံမှ အီးယူ၏ဆန်တင်သွင်းမှုသည် တန်ချိန် ၁၉၂၈၄ ခန့်ရှိခဲ့ရာလွန်ခဲ့သောဈေးကွက် နှစ်ကာလတူ (တန်ချိန် ၄၉၆၈) နှင့် နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံမှ အီးယူ၏ တင် သွင်းမှုသည် ၄ ဆခန့်မြင့်တက်ခဲ့ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့