Main menu

Background

စင်ကာပူနိုင်ငံ ခရီးသွားအေဂျင်စီများအသင်းမှ ခရီးသွားလာမှုမြှင့်တင်ရေး ပြပွဲကျင်းပ

Thu, 03/19/2015 - 18:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

စင်ကာပူနိုင်ငံ၌ ၁၉၈၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး လက်ရှိကာလ တွင် အသင်းဝင်ပေါင်း ၃၄၀ကျော်ဖြင့် ဖွဲ့စည်းထားသည့် စင်ကာပူအမျိုးသား ခရီးသွားလာရေးအေဂျင်စီများအသင်း (NATAS)  သည်ခရီးသွားမြှင့်တင်ရေး ပြပွဲများကိုတစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပ လျက်ရှိပါသည်။ ယခုနှစ်အတွက် ကျင်းပ သော ခရီးသွားပြပွဲNATAS Travel Fair ၂၀၁၅မှာနာမည်ကြီးခရီး သွားလာ ရေးအေဂျင်စီများ    ပါဝင်ခြင်းမရှိဘဲ စင်ကာပူအိတ်စပိုခန်းမတွင် မတ်လ ၆ ရက်မှ ၈ ရက်နေ့အထိ ခင်းကျင်းပြသခဲ့ ပြီးဖြစ်ပါသည်။
NATAS ၏ ၂၀၁၅ ခရီးသွားပြပွဲ ကို Big Four ဟု   အမည်ရသည့် CTC Travel, Dynasty Travel, Chan Brothers Travelနူ နှင့် SA Tours ခရီးသွား ကုမ္ပဏီကြီးလေးခုအပါအဝင် အေဂျင်စီ ၂၄ခုက သပိတ်မှောက်ခဲ့ကြသဖြင့် ယခင် နှစ်ပြပွဲ၌ ခင်းကျင်းပြသသည့် လုပ်ငန်း အရေအတွက် ၁၆၁ ခု အောက်လျော့ နည်းပြီး ခရီးသွား လုပ်ငန်းနှင့် ဆက်စပ် သည့် လုပ်ငန်းပေါင်း ၉၀ကျော်သာဝင် ရောက်ပြသခဲ့ပါသည်။ သို့ရာတွင် ပြပွဲဝင်ကြေး ကောက်ခံခြင်းမရှိသကဲ့သို့ ဘက်ဒေါ့နှင့်တမ်ပိုင်း အမြန်ရထား ဘူတာရုံများနှင့် အိတ်စပိုခန်းမတို့ အကြားလွန်းပြန် မော်တော်ယာဉ်များ ကိုအခမဲ့ ပြေးဆွဲခြင်းတို့ကြောင့် လာ ရောက်ကြည့်ရှုသူ ပရိသတ်မှာ ၅၅၂၀၀ ကျော်ရှိပြီး ယခင်နှစ် ဖေဖော်ဝါရီလ၌ ကျင်းပသည့်ပြပွဲသို့ လာရောက်သူဦးရေ ၅၄၂၇၅ ထက် အနည်းငယ်ပိုမိုခဲ့ပါ သည်။
NATAS အနေဖြင့် လွန်ခဲ့သော လေးနှစ်တာကာလအတွင်း အချို့သော ကိစ္စရပ်များအပေါ်ပြေလည်အောင်ဖြေ ရှင်းမှုမပြုနိုင်သဖြင့်Big Four နှင့် ခရီးသွားအေဂျင်စီများမှယခုအကြိမ် ကျင်းပသည့် ခရီးသွားပြပွဲ၌ ပူးပေါင်း ပါဝင်ခြင်းမပြုဘဲ သီးခြားပြပွဲတစ်ရပ်ကို ၎င်းင်းတို့ဘာသာ တစ်ပြိုင်တည်းပြုလုပ် ရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်း တွင်ဆုံးဖြတ်ခဲ့ကြပါသည်။ ပြခန်းတည် ဆောက်မှုနှင့်   ငှားရမ်းခအတွက်ခင်း ကျင်းပြသသူများထံမှပြပွဲ၌ ပါဝင်လုပ် ဆောင်မှုစရိတ်များကိုNATAS က ကောက်ခံခြင်း၊  လာရောက်ကြည့်ရှုသူ များထံမှ ပြပွဲဝင်ကြေးများကိုNATAS  ကကောက်ခံခြင်း၊   ပြပွဲအပြီးသတင်း  ထုတ်ပြန်ကြေညာရန် NATAS  မှ အား ထုတ်လုပ်ကိုင်မှုနည်းပါးခြင်း  ပြပွဲများ သို့လာရောက် ကြည့်ရှုသူအရေအတွက် နှင့်   ရောင်းအား    ကျဆင်းလာမှုတို့  အပေါ်   NATAS  မှ  ကိုင်တွယ်လုပ် ဆောင်မှုနည်းပါးခြင်း၊ ပြခန်းရွေးချယ်မှု နည်းစနစ်မှာ ပါဝင်ပြသသူကုမ္ပဏီများ အကြား မလိုလားအပ်သောယှဉ်ပြိုင်မှု များတိုးပွားစေခြင်း၊ ပြပွဲမှရရှိသည့် ငွေ များအား   မည်သို့ မည်ပုံ   သုံးစွဲမှုပြု ကြောင်းနှင့်  NATAS  ၏ဝင်ငွေလည် ပတ်စီးဆင်းမှုတွင်    အဓိကကျသော ဘဏ္ဍာရေးအစီ ရင်ခံစာထုတ်ပြန်ခြင်း တို့၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ခရီးသွား ပြပွဲများ ကျင်းပရန်အတွက် ဆုံးဖြတ် ချက်များချမှတ်ရာ တွင်ပါဝင်ပြသသည့် လုပ်ငန်းအမျိုးအစားအလိုက် ဖွဲ့စည်း ထားသော ပြပွဲ လုပ်ငန်းကော်မတီများ၏လုပ်ပိုင်ခွင့်ကို တိုးမြှင့်ရန် NATAS  က ငြင်းပယ်ခြင်း စသည့်အချက်များကြောင့် ငြါ ၤသကမ နှင့်ခရီးသွားအေဂျင်စီများကသပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်။
NATAS သည် ၂၀၁၀ခုနှစ်၌ ပြပွဲဝင်ကြေးအဖြစ် လူတစ်ဦးလျှင်သုံး စင်ကာပူဒေါ်လာနှုန်းကောက်ခံခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင်တစ်ဦးလျှင်လေး စင်ကာပူဒေါ်လာသို့တိုးမြှင့်ပြီးအသက် ၁၂ နှစ်အောက်ကလေးများအားအခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပါသည်။ သို့ ဖြစ် ရာTrip Zilla  မဂ္ဂဇင်း၏ဖော်ပြချက် အရNATASသည်၂၀၁၄ ခုနှစ် သြ ဂုတ်လတွင်ကျင်းပသော ခရီးသွား မြှင့်တင်ရေးပြပွဲ၌ ဝင်ခွင့်လက်မှတ်
ရောင်းချမှုတစ်မျိုးတည်းမှပင်ဝင်ငွေ ဒေါ်လာ၂သိန်းကျော် ရရှိခဲ့ကြောင်းသိ ရှိရပါသည်။ ဝင်ကြေးနှုန်းထားတိုးမြှင့် ကောက်ခံမှုကပရိသတ် အရေအတွက် ကို လျော့ကျစေခဲ့ရာ ၎င်းင်းပြပွဲတွင် ၅၆၁၈၉ ဦးသာလာရောက်ကြည့်ရှုခဲ့ ကြပြီးနှစ်အလိုက် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါသည်။ အကျိုး ဆက်အားဖြင့်ပြပွဲ၌ပါဝင်ပြသ သည့် အေဂျင်စီများ၏ခရီးသွားအစီ အစဉ်များကို ကြိုတင်ဝယ်ယူမှုပမာဏ သည်လည်း ကျဆင်းခဲ့ပါသည်။ ထို့ အပြင် NATASမှသတ်မှတ်သည့် ပြခန်း တစ်ခုချင်းတည် နေရာနှင့်အကျယ်အဝန်း ပေါ်မူတည်၍ ခင်းကျင်းပြသသည့် အေ ဂျင်စီတစ်ခုစီ၏  ပြပွဲကုန်ကျစရိတ်မှာ စင်ကာပူဒေါ်လာ  တစ်သိန်းမှနှစ်သိန်း အထိကျခံရလေ့ရှိရာ လုပ်ငန်းဆောင် ရွက်မှုမှာ ထိရောက်အောင်မြင်မှုမရှိဘဲ ခရီးသွားအေဂျင်စီများ၏ ဝေဖန်ပြော ဆိုမှုများကို ကြုံတွေ့လာခဲ့ရပါသည်။
ထို့နောက် ခရီးသွားကုမ္ပဏီကြီး လေးခုနှင့် အခြားအေဂျင်စီ ၂၀ တို့မှ ၂၀၁၅ ခုနှစ်မတ်လ၂၇ရက်မှ၂၉ရက်နေ့ အထိ ွှTravel Revolution ၂၀၁၅ ဟု အမည်ရသော ခရီးသွားပြပွဲကိုNATAS  ၏ွှTravel Fair ၂၀၁၅ နှင့်အပြိုင်Marina Bay Sandsကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြပွဲ ခင်းကျင်းမှုကုန်ကျစရိတ်ကို NATAS  မှ ကောက်ခံသည့်နှုန်းထက် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိလျော့နည်းအောင်လုပ် ဆောင်မည်ဖြစ်ပြီးအများပြည်သူကို အခမဲ့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖြင့်  ပြီးခဲ့သည့်နှစ်နိုဝင်ဘာ၂၅ ရက် နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။ အဆိုပါ အုပ်စု၌ပါဝင်သည့် Nam Ho Travel ကုမ္ပဏီမှဒါရိုက်တာMr.Marshall  Ooi က ၎င်းင်းတို့အနေဖြင့် အမျိုးသား ခရီးသွားလာရေး ကိုယ်စားလှယ်များ အသင်းကိုစိန်ခေါ်ခြင်းမဟုတ်ဘဲ ခရီး သွားအေဂျင်စီများနှင့်စားသုံးသူများ အတွက် စရိတ်စကများလျော့ပါးသက် သာရေးကိုရှေးရှု လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။NATAS  သည် ယခင်ခရီးသွားပြပွဲများ၌ ဈေးကွက် စုစုပေါင်းရောင်းအား၏ ၈၀ ရာခိုင်နှုန်း ခန့်ကိုရယူထားသော အဆိုပါခရီးသွား အေဂျင်စီ ၂၄ ခုမှ  စုစည်းကျင်းပမည့် ပြပွဲတွင် အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ    ခရီးသွားလာရေး အဖွဲ့ အစည်းများ၊ ဘဏ်လုပ်ငန်းများ၊ လေ ကြောင်းလိုင်းများနှင့်ခရီးသွား လာရေး ကုမ္ပဏီမျာ းစုစုပေါင်းလုပ်ငန်း ၅၆ ခုမှ ပါဝင်ပြသမည်ဖြစ်ပါ သည်။
သို့ဖြစ်ရာ NATASှ အနေဖြင့်ပြပွဲ နှစ်ခုအပြိုင်ကျင်းပမည့် အခြေအနေကို  ရှောင်ကြဉ်လျက်မူလပြုလုပ်မည့် ကာလ ထက် ရက်သတ္တပတ် သုံးပတ်မျှစော၍ ၂၀၁၅ ခုနှစ်ခရီးသွားပြပွဲကို ကျင်းပခဲ့ ခြင်းဖြစ်ပါသည်။ ယခုပြပွဲ၌ ဂျပန်၊ တောင် ကိုရီးယား၊တရုတ်၊တရုတ်(တိုင်ပေ)၊ ထိုင်း၊ အင်ဒိုနီးရှား၊နယူးဇီလန်၊အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှ ခရီးသွားလာ ရေး လုပ်ငန်းအသင်းအဖွဲ့ ၁၉ခု၊ ဒေသ တွင်း ခရီးသွားလာရေးကုမ္ပဏီ ၂၀ ခု နှင့် ဟိုတယ်အပန်းဖြေလုပ်ငန်းကုမ္ပဏီ ရှစ်ခု တို့အပါအဝင်ခရီးသွားလာမှုဆိုင် ရာ လုပ်ငန်းဌာနပေါင်း ၉၂ခုတို့ခင်းကျင်း ပြသခဲ့ကြသည်။ ပြပွဲတွင်စင်ကာပူ နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံ ဘာတမ်ကျွန်း သို့ နေ့ချင်းပြန်သွားရောက်သော စင်ကာပူ ဒေါ်လာ ၁၅ မှ ၈၀ခန့်အထိ သာ ကုန်ကျမည့် ခရီးသွားအစီအစဉ် မှသည် စင်ကာပူဒေါ်လာ ၄၅၀၀ခန့် ကျခံသုံးစွဲလျက် နယူဇီလန်နိုင်ငံသို့ ၁၀ ရက် ခရီးသွားရောက်သည့် အစီအစဉ် များ အထိပြသခဲ့သည့်အပြင် အကပဒေ သာများ၊ ဒေသထွက်စားသောက်ကုန် ဆိုင်ခန်းများနှင့်ကျောင်းသားလူငယ် များအတွက် ပန်းချီရေးဆွဲပြိုင်ပွဲများကို ပါထည့်သွင်းလျက်ပရိသတ်ကိုဆွဲဆောင် မှုပြုခဲ့ကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ စင်ကာပူမြို့