Main menu

Background

ဂျာမနီနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခ သတ်မှတ်လိုက်ခြင်းကြောင့် လူအစား အလိုအလျောက်လုပ်စက်ကိရိယာများ အသုံးပြုမှုတိုးတက်လာနိုင်

Thu, 03/19/2015 - 21:01 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၁)

ဂျာမနီနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ခြင်းဆိုင်ရာစည်းမျဉ်းသည် ဇန်နဝါရီလ တစ်ရက်မှစ၍ သက်ဝင်လာပြီဖြစ် သည်။ အဆိုပါစည်းမျဉ်းအရ ဂျာမနီနိုင်ငံရှိလုပ်သားများ၏အနည်းဆုံး တစ်နာရီလုပ်ခမှာ ၈ ဒသမ ၅ယူရို ဖြစ်ပါသည်။ ထိုသို့ ဂျာမနီနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခသတ်မှတ်လိုက်ခြင်းကြောင့် ဂျာမန်လုပ်သား ၃ ဒသမ ၇ သန်းခန့် အကျိုးအမြတ်ရရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထို့အပြင် အကျိုးဆက်အနေဖြင့် လုပ်သားစရိတ်လျှော့ချရန် ဂျာမနီနိုင်ငံ၌စက်ပစ္စည်းများနှင့် လူအစား အလိုအလျောက်လုပ်နိုင်သော စက်ကိရိယာများ(စက်ရုပ်လူသား) အပေါ်ရင်းနှီးမြှုပ်နှံမှုများ ရေရှည်ကာလတွင် တိုးတက်များ ပြားလာနိုင်ကြောင်း ခန့်မှန်းရပါသည်။                                                                                                      

    ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့