Main menu

Background

စင်ကာပူစတော့အိတ်ချိန်း၌ ရိုးမဦးပိုင်လီမိတက်၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်

Mon, 03/23/2015 - 20:00 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

       မြန်မာနိုင်ငံအခြေစိုက် ရိုးမဦး ပိုင် လီမိတက်အနေဖြင့် ရန်ကုန်မြို့ လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်အဆောက် အအုံ ဟောင်းကို ကြယ်ငါးပွင့်အဆင့်ဟို တယ်အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ရန် အတွက် ငှားရမ်းမှုစာချုပ်သက်တမ်း တိုးမြှင့်ခွင့်ရရှိခဲ့ခြင်းက စင်ကာပူစတော့ အိတ်ချိန်းဈေးကွက်၌ ၎င်းင်း၏ရှယ်ယာ ဈေးနှုန်းများအား မြင့်တက်စေခဲ့ကြောင်း စင်ကာပူနိုင်ငံရှိ     သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။
မိမိတို့ကုမ္ပဏီလီမိတက်မှ အစု ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားရှိ သောMeeyahta International Hotelအနေဖြင့် မြန်မာ့မီးရထား   ရုံးချုပ် အဆောက်အအုံဟောင်းကို ြဥွှ စနစ် ဖြင့် ကြယ်ငါးပွင့်အဆင့်ရှိ ပင်နီစူလာ- ရန်ကုန်ဟိုတယ်အဖြစ် ပြောင်းလဲလုပ် ကိုင်ရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ငှားရမ်းမှု သက်တမ်းတိုးမြှင့်ခြင်းကို   ခွင့်ပြုရန် အတည်ပြုကြောင်း ၂၀၁၅ ခုနှစ် မတ်လ ၁၀ နေ့ရက်စွဲဖြင့်   အကြောင်းကြားစာ အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်ထံမှ လက်ခံရရှိခဲ့ကြောင်း၊ ၎င်းင်းတို့ ကုမ္ပဏီအနေဖြင့်  ငှားရမ်းမှု   စာချုပ် သက်တမ်းတိုးမြှင့်ရန်    လိုအပ်သော အဆင့်များကို   ရထားပို့ဆောင်ဝန်ကြီး ဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့်    ရိုးမဦးပိုင်လီမိ တက်၏ ဒါရိုက်တာအဖွဲ့မှ မတ်လ ၁၁ ရက်နေ့၌  သတင်းထုတ်ပြန်ခဲ့ပါသည်။ ဤသို့    သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူအများအပြားမှ    ရိုးမ လီမိတက်၏ ရှယ်ယာများအား ဝယ်ယူ မှုမှာ ရုတ်ချည်းမြင့်တက်ခဲ့ပြီး ရှယ်ယာ ဈေးနှုန်းမှာလည်း ၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အစုတစ်စုလျှင် စင်ကာပူ ဒေါ်လာ သုည ဒသမ ၄၄ အထိ ပြန်လည် မြင့်တက်လာခဲ့ပါသည်။ ဤ ပမာဏမှာ ယခင်ဈေးနှုန်း အပေါ် ၁၂ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ခြင်းဖြစ်ပြီး စင်ကာပူစတော့အိတ် ချိန်းဈေးကွက်၌ တစ်ရက်အတွင်းရိုးမ ဦးပိုင်လီမိတက်၏ အစုရှယ်ယာများလွှဲ ပြောင်းရောင်းဝယ် မှုမှာ စင်ကာပူ ဒေါ်လာ ၂၆ ဒသမ ၅ သန်းခန့်ရှိရာ အဆိုပါနေ့ရက်၌ SGX  တွင် ရှယ်ယာရောင်းဝယ်မှု သတ္တမ မြောက် အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရ ပါသည်။
ရန်ကုန်မြို့၌ နိုင်ငံတကာအဆင့် မီ ဟိုတယ်များနည်းပါးပြီး အခန်းငှား ရမ်းခနှုန်းထားများ မြင့်မားမှုရှိနေခြင်း ကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍများ စွာအနက် ဟိုတယ်လုပ်ငန်းမှာ ဆွဲ ဆောင်မှု အကောင်းဆုံးဖြစ်ကြောင်း၊ ပင်နီစူလာ -ရန်ကုန်ဟိုတယ် စီမံကိန်း နှင့်ပတ်သက်၍ ယခုသတင်းမှာရိုးမ ကုမ္ပဏီလီမိတက်အတွက် အပြု သဘောဆောင်သည့် အချက်ဖြစ်ကြောင်း၊ စီမံကိန်းတည် နေရာမှာ ရန်ကုန်မြို့၏ အချက်အချာ ကျသည့်နေရာတွင်ရှိ သဖြင့် တည်ဆောက်ပြုပြင်မှုပြီးစီးချိန် တွင် လုပ်ငန်းသင့်တင့်ကောင်းမွန်စွာ လုပ်ကိုင်နိုင်မည် ဟုမျှော်လင့်ရကြောင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူများအနေ ဖြင့် နှစ် ၅၀ ငှား ရမ်းမှုပြုနိုင်ပြီး ၁၀နှစ်စီ သက်တမ်း နှစ်ကြိမ်တိုးခွင့်ရနိုင်ကြောင်း၊ သို့ရာတွင် ရိုးမဦးပိုင်လီမိတက်၏ကြေညာ ချက်တွင် ငှားရမ်းမှုကာလမည်မျှကြာ မြင့်စွာသက်တမ်း တိုးခွင့်ရသည်ကို တိကျစွာဖော်ပြထား ခြင်းမရှိကြောင်း စသည်ဖြင့် စင်ကာပူအခြေစိုက် အိမ် ရာမြေအတိုင်ပင်ခံ   လုပ်ငန်းတစ်ခုဖြစ် သည့် REMS   Advisors လီမိတက်မှ အမှုဆောင် အရာရှိချုပ် Mr. Tan Kok Keong  ၏ ပြောကြားချက်ကို  Channel NewsAsia  သတင်းဌာနမှ ဖော်ပြခဲ့ပါ သည်။
ရိုးမဦးပိုင်လီမိတက်အနေဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကုမ္ပဏီ၏ ထိပ်ပိုင်းစီမံခန့်ခွဲရေးတာဝန် နေရာများ၌ ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ ရာ လုပ်ငန်းစု၏ အထွေထွေမန်နေဂျာ ဖြစ်သူ ဲ Jeremy Noel Westmore နှင့် အိမ်ရာမြေလုပ်ငန်း၏      ပူးတွဲအကြီး အကဲ Elmar Heinrich  Antonius Busch တို့ကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ဆောင်ရွက်နိုင်ရန် တာဝန်မှ နှုတ်ထွက် ခွင့်ပြုခဲ့ပြီး21 ဒေါ်သီရိသန့်မွန်အား ကော်ပိုရိတ်ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ အကြီးအကဲအဖြစ် တာဝန်ယူ  ဆောင် ရွက်စေလျက်ရှိကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့