Main menu

Background

အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းတွင် ဝမ်တန်ဖိုး လနှစ်ဆယ်အတွင်း အနိမ့်ဆုံးကျဆင်း

Mon, 03/23/2015 - 20:11 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ကိုရီးယားဗဟိုဘဏ်က၎င်းင်း၏ အခြေခံစံထားနှုန်းကို လျှော့ချခဲ့၍ တောင်ကိုရီးယားဝမ်ငွေတန်ဖိုးသည်အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်း တွင် လပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့သည်။ ယခုအခါတစ်ဒေါ်လာလျှင် ၁၁၂၈ ဒသမ ၅၀ ဝမ်သာရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်ဇူလိုင်လ ၁၀ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာလျှင် ၁၁၃၅ဒသမ ၈၀ ဝမ် နောက်ပိုင်း အနိမ့်ဆုံး ငွေလဲနှုန်းဖြစ်သည်။ အစိုးရငွေတိုက် စာချုပ်များအပေါ် အတိုးနှုန်းသည်လည်းဆက်လက်နိမ့်ကျသွားနိုင် သည်ဟု ဗဟိုဘဏ် အတိုးနှုန်း နိမ့်ကျသွားသည့်အပေါ် ထင်မြင်ယူဆချက် များ ရှိနေသည်။
သုံးနှစ်ငွေတိုက်စာချုပ်အပေါ် အတိုးနှုန်းသည် မတ် ၁၃ ရက်က ၁ ဒသမ ၈၆၅ ရာခိုင်နှုန်းဖြစ်ပြီး၊   ၃ ဒသမ၁ပွိုင့်ကျဆင်းခဲ့သည်။ ငါးနှစ် ငွေတိုက်စာချုပ်အပေါ် အတိုးသည် သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်း၍ ၂ ဒသမ ၀၁၅ရာခိုင်နှုန်းသာဖြစ်ခဲ့သည်။ဝမ်ငွေတန်ဖိုး ကျဆင်းနေခြင်း သည်  ကမ္ဘာ့ငွေကြေးလျှော့ချမှုပေါ်လစီ  (Global monetaryeasing)များကြောင့်ဖြစ်ပြီး၊အမေရိကန် ဗဟိုဘဏ်သည် ၎င်းင်း၏အတိုးနှုန်းကို မြှင့်တင်နိုင်သည်ဟုခန့်မှန်းချက်များလည်းရှိနေပြီး၊ အခြားကမ္ဘာ့နိုင်ငံအသီး သီးရှိ ဗဟိုဘဏ်များသည်လည်း၎င်းင်းတို့စီးပွားရေးတိုးတက်ကောင်းမွန်လာ စေရန်Monetary  easing policyကိုသုံးစွဲလာကြသည်ကိုတွေ့ ရသည်။ ဝမ်ငွေသည် ဂျပန်ယန်းငွေနှင့်အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ပေါ်တွင်  ဒရွတ်တိုက်လိုက်ပါနေကြောင်း၊ အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြင့်လာခြင်းအပေါ်တွင်လည်း ဝမ်-ဒေါ်လာလဲ လှယ်နှုန်းပိုမိုမြင့်မား လာမည်ဖြစ်ကြောင်းEugene Investment &Securities Co.  မှ ကင်မွန် အေးကသုံးသပ်ခဲ့သည်။ မတ်လ၁၂ရက်နေ့ကကိုရီးယား ဗဟိုဘဏ်သည် ၎င်းင်း၏အတိုးနှုန်းကို ၁ဒသမ ၇၅ ရာခိုင်နှုန်းသို့လျှော့ချခဲ့သည်။
ကိုရီးယားဗဟိုဘဏ်သည် ၂၀၁၄ ခုနှစ်အတွင်းကလည်း အခြေခံ နှုန်းပွိုင့် ၅၀ အထိ နှစ်ကြိမ်လျှော့ချခဲ့သေးသည်။တောင်ကိုရီးယားနိုင်ငံ၏စတော့ရှယ်ယာKOSPIသည် ၁၅ ဒသမ ၂ ပွိုင့် (သုည ဒသမ ၇၇ ရာခိုင် နှုန်း) တက်ခဲ့ပြီးမတ်လ၁၃ရက်နေ့ကဝမ်နှင့် ယန်းလဲလှယ်နှုန်းသည် ယန်း ၁၀၀ လျှင် ၉၂၉ ဒသမ ၂၀ ဖြစ်ခဲ့သည်။         သန့်ဇင်၊

စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့