Main menu

Background

မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ် လူဇင်ဘတ်နိုင်ငံလျာထား

Mon, 03/23/2015 - 21:20 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မြန်မာနိုင်ငံတွင် လူဇင်ဘတ်နိုင်ငံ၏ ပထမဦး ဆုံး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် မှာခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးမှုသင်တန်း ပေးခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်နှစ်ဝက်ကာလကတည်းက စတင်ဆောင်ရွက်လျက်ရှိကာ ဘတ်ဂျက်လျာထားချက် မှာ ယူရို ၅ သန်းဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာဒုတိယအစီအစဉ်မှာ ရှမ်းပြည် နယ်အရှေ့ပိုင်းဒေသတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန်ဖြစ်ပြီး အကောင်အထည်ဖော် နိုင်ရေးအတွက် ပြင်ဆင်ဆောင် ရွက် လျက်ရှိပါသည်။ ATTF Luxembourg သည်မြန်မာနိုင်ငံဘဏ် အသင်းနှင့် ပူးပေါင်းလျက် ပထမ ဦးဆုံးဆွေးနွေးပွဲအား မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက်တာပြု လုပ်ကျင်းပ နိုင်ခဲ့ပါသည်။
လူဇင်ဘတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံ များ ရွေးချယ် မှုသည် ကမ္ဘာ့ကုလသမဂ္ဂ ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညွှန်းကိန်း  (Human De-velopment Index-HDI)  ပေါ်တွင် အဓိကအခြေခံပါ သည်။ ယခုအခါ HDI  အဆင့်ပိုမိုမြင့်မားလာသည့် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံမှ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီများကိုတဖြည်းဖြည်း ချင်း ပြန်လည်ရုပ်သိမ်းရန် လူဇင်ဘတ်နိုင်ငံ က ဆောင် ရွက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံအစား မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ်ရွေးချယ်ရန် လျာထား သည့် အလားအလာများရှိနေပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့