Main menu

Background

မြန်မာနိုင်ငံတွင် လူဇင်ဘတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်ရှိ

Mon, 03/23/2015 - 21:23 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာ  နိုင်ငံတွင် လူဇင်ဘတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း မှာအမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃၅၀ သန်းခန့်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လူဇင်ဘတ် ကုမ္ပဏီများ ဖြစ်ကြသည့် CAOG    S.a.r.l.,Luxembourg သည် စွမ်းအင်လုပ်ငန်းကဏ္ဍ(ဧရာဝတီတိုင်းဒေသကြီး ရှိ မြင်သာတွင် ရေနံစမ်းသပ်တူးဖော် ခြင်း) တွင်   လည်းကောင်း၊   Abercrombie & Kent  သည်ခရီးသွားလုပ်ငန်းကဏ္ဍ   (မြစ်တွင်းအပျော်စီးသင်္ဘောပြေး ဆွဲခြင်း) တွင်လည်းကောင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင်   ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော လူဇင်ဘတ်နိုင်ငံမှ ကုမ္ပဏီများမှာ ဝန်ဆောင် မှုလုပ်ငန်း ကဏ္ဍတွင် Sanctuary Retreats Myanmar Ltd.,Carmudi Myanmar Ltd. , Daraz Myanmar Co., Ltd.  နှင့် စက်မှုလုပ်ငန်းကဏ္ဍတွင်Nestle Alpine Waters Ltd. တို့ ဖြစ်သည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့