Main menu

Background

ကိုရီးယားအိမ်ထောင်စုချေးငွေများ ဇန်နဝါရီလက အမြင့်ဆုံးဖြစ်ခဲ့

Mon, 03/23/2015 - 21:25 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ကိုရီးယားဘဏ်များအပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများက အိမ်ထောင်စုများသို့ ထုတ်ချေးငွေသည် ဇန်နဝါရီလ အတွင်း အမြင့်ဆုံးစံချိန်တင် ခဲ့သည်။ ကိုရီးယားဗဟိုဘဏ်၏ မတ် ၁၀ ရက်က ထုတ်ပြန်သောစာရင်းအရ ဇန်နဝါရီလအတွင်း အိမ်ထောင်စုများသို့ ထုတ်ချေးငွေ ဝမ် ၇၄၆ ဒသမ ၅ ထရီလီယံရှိပြီး၊ ယခင်လကထက် ဝမ် ၇၀၀ ဘီလီယံပိုခဲ့သဖြင့် လစဉ်ထုတ် ချေး ငွေပိုလာနေခြင်းမှာ ၁၂ လရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ အမှန်တကယ်တွင် ဇန်နဝါရီလသည် ချေးငွေထုတ်ပေးမှု ပုံမှန်အားဖြင့် အနည်းဆုံးဖြစ်လေ့ရှိသော်လည်း ယခုနှစ် ဇန်န ဝါရီလသည် အိမ်ထောင်စုချေးငွေ အများဆုံးဖြစ်ခဲ့သည့် ဇန်နဝါရီလဖြစ်ကြောင်းဗဟို ဘဏ်၏ ၂၀၀၃ ခုနှစ်ကတည်းက စုစည်း ထားသော အချက်အလက်များက ဖော်ပြခဲ့သည်။ ဇန်နဝါရီလအတွင်း အိမ်ထောင်စုချေးငွေများ တိုးလာခြင်းမှာ အိမ်ခြံမြေ ရောင်းဝယ်မှု/ ငွေလွှဲပြောင်းမှုများအပေါ် အစိုးရက ကြိုးနီစနစ်များ ဖြေလျှော့ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ဇန်နဝါရီ လတစ်လ တည်းတွင် အိမ်ခြံမြေရောင်းဝယ်မှုအတွက် ငွေလွှဲပြောင်းသည့်အကြိမ်ရေ ၇၉ç၃၀၀ ကြိမ်ရှိခဲ့ပြီး၊ ယခင်နှစ်အလား တူကာလထက် ၃၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့