Main menu

Background

ကိုရီးယား-ဂျပန် ကုန်သွယ်မှု သုံးနှစ် ဆက်တိုက်ကျဆင်းနေ

Tue, 03/31/2015 - 21:21 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

        ၂၀၁၄ခုနှစ်အတွင်း ကိုရီးယား-ဂျပန်ကုန်သွယ်မှုအခြေအနေသည် အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံသာ ရှိခဲ့ပြီး ယခင်နှစ်ကထက် ၉ ဒသမ ၂ ရာခိုင် နှုန်းကျဆင်းခဲ့သည်ဟု Korea International Trade Association (KITA)၏မတ်လ၁၈ရက်နေ့က ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။ကိုရီးယား မှ ဂျပန်သို့ ပို့ကုန်သည်၇ရာခိုင်နှုန်း ဒေါ်လာ၃၂ဘီလီယံသို့ထိုးကျသွားပြီး၊ သွင်း ကုန်သည်လည်း ၁၀ရာခိုင်နှုန်း ဒေါ်လာ ၅၄ ဘီလီယံသို့ကျဆင်းသွားခဲ့သည်။
    ယင်းသို့ပို့ကုန်ရောသွင်းကုန်ပါ ကျဆင်းမှုသည်နှစ်နိုင်ငံကုန်သွယ်မှုဆက် တိုက်ကျဆင်းမှုသည် ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်နေခဲ့ပြီး၊ယခုအခါသုံးနှစ်ဆက် တိုက်ကျဆင်းနေမှုဖြစ်သည်။ ၂၀၁၅ ခုနှစ်ပထမနှစ်လအတွင်းကြိုတင်စာရင်းများ အရ နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၄ ရာခိုင်နှုန်းကျဆင်းနေခဲ့ပြီဖြစ်ပြီး တန်ဖိုးအား ဖြင့် ဒေါ်လာ ၁၀ ဘီလီယံခန့်ဖြစ်ခဲ့သည်။ ယင်းကုန်သွယ်မှုပမာဏများ ကျဆင်းနေမှု သည် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့်လည်းဖြစ်သည်။
သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဆိုးလ်မြို့