Main menu

Background

ရန်ကုန်မြို့ ၌ပြုလုပ်မည့် တည်ဆောက်မှုနည်းပညာဆိုင်ရာပြပွဲတွင် စင်ကာပူ ကုမ္ပဏီများပါဝင်ပြသမည်

Thu, 05/14/2015 - 19:35 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

 

        မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့်စင်ကာပူ ပုံနှိပ်ထုတ်ဝေရေး ဦးပိုင် လုပ်ငန်း စု (SPH)  လက်အောက်ရှိ ှSphere Exhibits တို့၏ပူးပေါင်းစီစဉ်မှုဖြင့်  အဆောက်အဦတည်ဆောက်မှု နည်း ပညာဆိုင်ရာကုန်စည်ပြပွဲ (Build Tech Yangon 2015) ကို ၂၀၁၅ ခုနှစ် မေလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိမြန်မာကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်မည်ဖြစ်ရာစင်ကာပူ နိုင်ငံအခြေစိုက်တည်ဆောက်ရေး ကုမ္ပဏီများမှ လာရောက်ပြသမည်ဖြစ် ပါသည်။
ပြပွဲသို့ဝင်ရောက်ပြသလိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ရာစိတ်ဝင်စားသူအများအပြားထံမှတုံ့ပြန် ချက်များရရှိခဲ့သဖြင့် စင်ကာပူနိုင်ငံ
အတွက် ရရှိသောပြခန်းအရေအတွက် ကို တိုးချဲ့ထားရှိကြောင်း၊လျှောက်လွှာလက်ခံမှုကိုလည်း ဧပြီလ၁၃ရက်နေ့ အထိ တိုးမြှင့်ပေးထားခဲ့ကြောင်း၊ နောက် ဆုံးကျန်ရှိသည့် ပြခန်း၈ခုအတွက် ၅၀ ရာခိုင်နှုန်း အထိစိုက်ထုတ်ကျခံပေးမည် ဖြစ်ကြောင်း၊ အကျယ်အဝန်းအားဖြင့် ၁၂၊ ၂၄ နှင့် ၃၆စတုရန်းမီတာ အသီး သီးရှိသော ပြခန်းများကိုဦးရာလူစနစ် ဖြင့် နေရာချထားပေးရန်ရှိကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏တည် ဆောက်ရေးလုပ်ငန်း ကဏ္ဍတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ခန့်ရှိပြီး ၂၀၁၆ ခုနှစ်၌ ၂၄ ရာခိုင်နှုန်း ပိုမိုတိုးတက်လျက် ၄ ဒသမ၂ဘီလီယံ အထိရောက်ရှိလာနိုင်ကြောင်း၊ ဤလုပ် ငန်းကဏ္ဍ၌လူနေ အိမ်ရာများဆောက် လုပ်မှုမှာ ၅၁ ရာခိုင်နှုန်းခန့်ရှိပြီး အိမ်ရာ လိုအပ်ချက် မြင့်မားမှုက ရေရှည်၌ဈေးနှုန်း ခိုင်မာမှုကို အထောက်အပံ့ပြုလျက်ရှိ ကြောင်း စသည်ဖြင့်ဖော်ပြလျက် စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ် (SBF) မှ၎င်းင်း၏အသင်းဝင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များထံသို့သတင်း ကြေညာလွှာများ ဖြန့်ဝေခဲ့ပါသည်။
The Straits Times သတင်းဌာန ကလည်းSBF နှင့်အဆောက်အဦ တည်ဆောက်မှုဆိုင်ရာ စင်ကာပူသိပ္ပံ ဌာနတို့သည်Build Tech့ ပြပွဲ၌ပံ့ပိုးသူ အဖြစ် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲမှုအရည်အသွေးကို မြှင့်တင်နိုင်ရန်ရည်ရွယ်ကျင်းပမည့်ဤပြပွဲ၌ တည်ဆောက်ရေးလုပ်ငန်းနယ် ပယ်မှ ပညာရှင် ၄၀၀၀ခန့်လာရောက် မည်ဟု ခန့်မှန်းရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အိမ်ရာအဆောက်အဦလို အပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လာမည့်နှစ် ၂၀ကာလအတွင်း လူနေ အိမ်ရာပေါင်း တစ်သန်းကျော်ကို တည် ဆောက်သွားရန်ရှိကြောင်း၊ ယခုပြပွဲမှာ မြန်မာနိုင်ငံ၌ တည်ဆောက်ရေးစီမံကိန်း များ ကျယ်ပြန့်စွာလုပ်ကိုင်လာမှုနှင့် အတူလျင်မြန်စွာ ပေါ်ထွန်းလာသည့်  စီးပွားရေးအခွင့်အလမ်းများကိုဖော်ထုတ် ပြသလိမ့်မည် ဖြစ်ကြောင်းဖော်ပြပါ သည်။
Build Tech့ ပြပွဲတွင် စင်ကာပူ  နိုင်ငံ၌ကွန်ကရစ်လုပ်ငန်းများလုပ်ကိုင် လျက်ရှိသည့် Poh Cheong ကုမ္ပဏီနှင့် ကရိန်းငှားရမ်းဝန်ဆောင်မှုနှင့်ဖြန့်ဖြူး မှုလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသောTat Hong ကုမ္ပဏီတို့မှ ဝင်ရောက် ပြသ မည်ဖြစ်ကြောင်း သိရှိရပါသည်။ Poh Cheong ကုမ္ပဏီသည်၂၀၁၃ ခုနှစ် အတွင်း  မြန်မာနိုင်ငံရှိ  နိုင်ဂရု(ပ်)
ဆောက်လုပ်ရေးကုမ္ပဏီနှင့်ပူးပေါင်းပြီး ဖက်စပ်လုပ်ငန်းဖွဲ့စည်း၍ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းအိမ်ရာ တည်ဆောက် ရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပြီးအရန်သင့် အသုံးပြုနိုင်သော ပုံသွန်း လောင်း ကွန်ကရစ်အစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံကိုလည်းယခင် နှစ်မှ စတင်တည်ထောင်ခဲ့ပါသည်။ အလား တူ ွှTat Hongကုမ္ပဏီသည်လည်း စင်ကာပူ ထုတ်ကုန်သွင်းကုန်လုပ်ငန်းတစ်ခုဖြစ်သောIntraco  လီမိတက်၊  
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးကျော်(IBTC)  တို့နှင့် ပူးပေါင်း ၍ Tat Hong Intraco Myanmar အမည် ဖြင့် ဖက်စပ်လုပ်ငန်းဖွဲ့စည်းပြီး မြန်မာ နိုင်ငံ၌ ကရိန်းနှင့် မြေတူးစက်ဝန်ဆောင် မှု လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၌သမားရိုးကျမဟုတ် သောစီးပွားရေးထုံးတမ်းအစဉ်အလာ များ တည်ရှိမှုနှင့်အတူယုံကြည်စိတ်ချရ သော ဒေသခံစီးပွားဖက်မှာလိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်မည့် ပြည်ပ လုပ်ငန်းရှင်အနေဖြင့် မြေနေရာစီစဉ် ပေးစွမ်းနိုင်သူ ဒေသခံလုပ်ဖော်ကိုင် ဖက်များကိုရှာဖွေရန်လိုကြောင်းဖြင့် အဆိုပါစင်ကာပူ ကုမ္ပဏီများကThe  Straits Times သတင်းဌာနသို့ပြော ဆိုပါသည်။ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စင်ကာပူလုပ်ငန်း ရှင်များအနေဖြင့် ဥပဒေစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာများ၌ရှင်းလင်း ပြတ်သားမှု နည်းပါးခြင်း၊ မြေနေရာ ငှားရမ်းလုပ်ကိုင်ရာတွင် တစ်နှစ်ချင်း မဟုတ်ဘဲ ၁၀နှစ်စာ ငှားရမ်းခကြိုတင် ပေးချေရခြင်းစသည့် အခက်အခဲများ နှင့်ကြုံတွေ့နေရကြောင်း သိရှိရပါ သည်။
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့