Main menu

Background

ထားဝယ်စီးပွားရေးအထူးစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကို ဇူလိုင်လတွင် လက်မှတ်ရေးထိုးမည်

Thu, 05/21/2015 - 20:21 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

     ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ကိန်းဖွံ့ ဖြိုးရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်ဇူလိုင်လ၌ သဘောတူ စာချုပ် လက်မှတ်ရေးထိုးမည်ဖြစ် ကြောင်း အဆိုပါစာချုပ်ကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် Italian-Thai Develop-ment Co.တို့ပါဝင်လက်မှတ်ရေးထိုးကြ မည်ဖြစ်ကြောင်း၊ မေ ၁၁ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းစာ၌ဖော်ပြ ထားပါသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ  ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင်ပါဝင် ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ဂျပန် ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်သူ မစ္စတာအိဇုမိက အတည်ပြု ပြောကြားခဲ့သည်ဟုထိုင်းနိုင်ငံအစိုးရ ၏ ပြောရေးဆိုခွင့်ရှိသူMr. Youngyuth  ကပြောကြားခဲ့ပါသည်။ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)  နှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဘဏ်(JBIC) တို့ မှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ၌ ပါဝင်ရင်းနှီး မြှုပ်နှံရန် အဆင်သင့်ရှိကြောင်းသိရှိရ ပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန် သည် အရှေ့တောင်အာရှ၌ (အလားတူ အထူးစီးပွားရေးဇုန်များအနက်) အကြီး ဆုံးအထူးစီးပွားရေးဇုန်ဖြစ်ကြောင်း၊ ကုန်စည်တန်ချိန် သန်း၂၅၀ တင်ချ (ကုန်တင်ကုန်ချ) ပြုနိုင်သော ရေနက်ဆိပ်ကမ်းနှင့်စက်ရုံများ၊ ဓာတ်အားပေး စက်ရုံ၊ ဂေါက်ကွင်းများ၊ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ စသည်တို့ပါဝင် မည့်စတုရန်းကီလိုမီတာ ၂၀၀ ကျော် ကျယ်ဝန်းသည့် စီးပွားရေးဇုန်တို့ကို တည်ဆောက်မည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းစာ၌ဖော်ပြထားပါ သည်။ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံအစိုးရနှင့်Italian-Thai Development Co.  တို့ သဘောတူစာချုပ် (Primary Dawei development agreement)  ချုပ်ဆို ခြင်းသည် (ဇွန်လအစောပိုင်းအထိ) တတိယအကြိမ်အဖြစ် နှောင့်နှေးကြန့်ကြာနေပြီ ဖြစ်ကြောင်း ပြီးခဲ့သည့်ရက် သတ္တပတ်က ဂျာမန်သတင်းအေဂျင်စီ တစ်ခုတွင် ဖော်ပြခဲ့ကြောင်း သိရှိရပါ သည်။
နှစ်နိုင်ငံ အစိုးရများနှင့်Italian-Thai Development Co.တို့သည် ထားဝယ်ရေနက် ဆိပ်ကမ်းတည် ဆောက်မှုစတင်နိုင်မည့် သဘောတူစာ ချုပ် လက်မှတ်ရေးထိုးခြင်းကို ရွှေ့ဆိုင်း ခဲ့ကြကြောင်း၊ သတင်းများအရ နေပြည် တော်ရှိအုပ်ချုပ်ရေးကိစ္စများ နှေးကွေး နေမှုကြောင့်ဖြစ်ကြောင်း ှုအေူငညေ-ွှ့ငေ ီနလနူသစာနညအ ဃသ. ကုမ္ပဏီ၏ ဈေးကွက်မြှင့်တင်ရေးမန်နေဂျာက ပြောကြားခဲ့ပါ သည်။
ဗန်ကောက်မှ ချင်းမိုင်သို့ မြန် နှုန်း မြင့်ရထားလိုင်း တည်ဆောက်မည့် စီမံကိန်းကို အထူးအရေးပါသော လုပ် ငန်းအဖြစ်သဘောထားကြောင်း၊ ဂျပန် အစိုးရအနေဖြင့် ထိုင်းနိုင်ငံရှိ ထိုင်း အစားအစာများ၊ သစ်သီးဝလံများကို လေ့လာရန်ဂျပန်လယ်ယာထုတ် ကုန် ရောင်းဝယ်သူများကို စေလွှတ် မည်ဟု မစ္စတာအိဇုမိက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အားပြောကြားခဲ့ကြောင်း သိရှိရပါ သည်။            

  ရီရီမွန်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့