Main menu

Background

ထားဝယ်ကားလမ်းစီမံကိန်း အတည်ပြုချက်ရရှိရန် ထိုင်းနိုင်ငံ စောင့်စား

Thu, 05/21/2015 - 20:22 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ထားဝယ်နှင့် ထိုင်းနိုင်ငံရှိ ကန်ချနာဘူရီတို့ကို ဆက်သွယ်ပေးမည့်ကားလမ်း
စီမံကိန်းအတွက်လာမည့်လတွင် (မြန်မာနိုင်ငံ) လွှတ်တော်၏အတည်ပြုချက်ရရှိ မည်ဟု မျှော်လင့်ထားကြောင်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုအေဂျင်စီ(NEDA)မှပြော ကြားခဲ့ပါသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၁၃၈ ကီလိုမီတာရှည်ကားလမ်းတည်ဆောက် ရေးအတွက်ကူညီပေးရန်သဘောတူခဲ့ ပြီးဖြစ်ကြောင်း၊အဆိုပါစီမံကိန်းအတွက် လျာထားသောအသုံးစရိတ်ကိုငွေကြေး ဆိုင်ရာအတည်ပြုခွင့်ပြုသည့်နေ့ရက်မှ သုံး နှစ်ခွဲဝေထုတ်ပေးသွားရန်သတ်မှတ် ထားကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်မှ စီမံကိန်းကိုအတည်ပြုပေးပြီးပါကထိုင်း နိုင်ငံအစိုးရအဖွဲ့အနေဖြင့်တည်ဆောက်ရေး လုပ်ငန်းများမစတင်ခင် ငွေကြေးပံ့ပိုးမှုကို အတည်ပြုရန်လိုအပ်ကြောင်း သိရှိရပါ သည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် စီမံကိန်းအတွက် ငွေထုတ်ချေးရန်ကနဦးတွင် သဘောတူခဲ့ကြောင်း၊ပထမဆယ်နှစ်၌ အတိုးပေးချေမှု ဆိုင်းငံ့ခွင့်ပေးခြင်းဖြင့် နှစ် သုံးဆယ် ချေးငွေထုတ်ချေးပေးရန်ဖြစ်ကြောင်း၊ အဆိုပါကားလမ်းဖောက်လုပ်ပြီးစီး ပါက ကန်ချနာဘူရီနှင့်ထားဝယ် အကြားခရီးသွားချိန်သည်နှစ်နာရီ မိနစ် သုံးဆယ် ခန့်သာကြာမည်ဖြစ်ကြောင်းNEDA  ဥက္ကဋ္ဌ Mr.Newinကပြောကြားခဲ့ ပါသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် နွန်ထာဘူရီပြည်နယ်၊ ဘန်ယိုင်ခရိုင်(Bang Yai) နှင့်ကန်ချနာဘူရီပြည်နယ်၊ ဖူနာရွန်အကြား ၉၆ ကီလိုမီတာရှည်သည့်ကား လမ်းတည်ဆောက်ရန် အတည်ပြုပေးပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းသည် (ထားဝယ်-ဗန်ကောက်-ဖနွမ်းပင်- ဟိုချီမင်းမြို့များကိုဖြတ်၍) လေးနိုင်ငံကို ဆက် သွယ်ထားသောတောင်စီးပွားရေး စြင်္ကံ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်
ကြောင်းသိရှိရပါသည်။                                              
     ရီရီမွန်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့