Main menu

Background

အမေရိကန်နိုင်ငံ၏ ပထမသုံးလစီးပွားရေး တိုးတက်မှုနှုန်းကျဆင်း

Thu, 06/18/2015 - 16:39 -- journal_editor

          အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှမတ်လအတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပထမသုံးလတာကာလအတွက် ကနဦးခန့်မှန်းချက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့ သော်လည်း ယခုထုတ်ပြန်သည့် ဒုတိယ အကြိမ် ပြန်လည်ပြင်ဆင်သုံးသပ်ထား သည့် ခန့်မှန်းချက်တွင် စီးပွားရေး ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့က ကြေညာခဲ့ပါသည်။
               ပြီးခဲ့သည့်ဆောင်းရာသီတွင် အအေးလွန်ကဲမှုကြောင့် တစ်ဦးချင်း စားသုံးမှုနှငprivate inventory investment  တို့ ကျဆင်းခဲ့ရပါသည်။ တစ်ဦးချင်းစားသုံးမှုသည် ၂၀၁၄ ခုနှစ်၊ စတုတ္ထသုံးလပတ်ကာလတွင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ပထမသုံးလပတ်တာ ကာလတွင် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ Nonresidential fixed investment  သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ   ဒီဇင်ဘာလ အတွင်း ၄ ဒသမ ၇   ရာခိုင်နှုန်း တိုး တက်ခဲ့သော်လည်း    ယခုနှစ်ပထမ သုံးလအတွင်း  ၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ထို့အပြင် ပို့ကုန် တင်ပို့မှုသည် ပထမသုံးလအတွင်း ၇ ဒသမ ၆ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန်တင်သွင်းမှု မှာမူ ၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါ သည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့။