Main menu

Background

IMF အမေရိကန်နိုင်ငံ၏ ၂၀၁၅ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်း

Thu, 06/18/2015 - 16:40 -- journal_editor

       အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ၂၀၁၅ ခုနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ဧပြီလအတွင်းထုတ်ပြန်ခဲ့ သည့် ၃ ဒသမ ၁ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ပါသည်။
အမေရိကန်နိုင်ငံတွင် ပထမသုံးလတာကာလအတွင်း စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခန့်မှန်းချက်ကို လျှော့ချခဲ့ သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ကောင်းမွန်သည့် ဘက်သို့ ဦးတည်နေကြောင်း၊ အလုပ်အကိုင်သစ်  ခန့်အပ်နိုင်မှုမှာလည်း လစဉ် ၂၅၀ç၀၀၀ ခန့်ရှိကြောင်း၊  ဘဏ္ဍာရေးဆိုင်ရာ အခြေအနေလည်း ကောင်းမွန်ကြောင်း ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ရေနံလုပ်ငန်းနှင့် ဆက် နွယ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိခိုက်ခဲ့သည်ကို ပထမ သုံးလတာ ကာလတွင် တွေ့မြင်ခဲ့ရသော်လည်း ရေနံဈေးနှုန်း ကျဆင်းခြင်းကြောင့် ၂၀၁၅ ခုနှစ်အတွင်း ကျန်ရှိသည့်လများတွင် စားသုံးသူများ၏ သုံးစွဲမှုမြင့်မား လာမည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံနှင့် 2015  Article  IV  Consultation အပြီးတွင် ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့