Main menu

Background

အမေရိကန်နိုင်ငံတွင်ဧပြီလ စားသုံးသူသုံးစွဲမှု သိသိသာသာမပြောင်းလဲ

Thu, 06/18/2015 - 16:40 -- journal_editor

     အမေရိကန်နိုင်ငံတွင် ဧပြီလ၌ စားသုံးသူများ ၏ ဝင်ငွေ (Personal income) သည် အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၄ ဘီလီယံ သို့မဟုတ် သုည ဒသမ ၄ ရာခိုင်နှုန်းနှင့်   အသားတင် ဝင်ငွေ  disposable personal income-DPI)  သည် အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၈ဘီလီယံ    သို့မဟုတ် သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝင်ငွေတိုးတက်လာသော်လည်း စားသုံး သူများ၏ သုံးစွဲမ(Personal consum-ption expenditures-PCE) သည် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျဆင်းခဲ့ ကြောင်း အမေရိကန် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီး ဌာနက ဇွန်လ ၁ ရက် နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။၂၀၁၅ ခုနှစ်၊ မတ်လတွင် စားသုံး သူများ၏ ဝင်ငွေတိုးတက်မှုနှုန်းသည် သုည ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး စားသုံး သူများ၏ သုံးစွဲမှုသည် သုည ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။စားသုံးသူ စုဆောင်းမှုနှုန်းသည် မတ်လ တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလတွင် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့၍ အမေရိကန် စားသုံးသူ များသည် သုံးစွဲမှုအပေါ် ပိုမို ဂရုတစိုက် ရှိလာသည့် အခြေအနေ တစ်ရပ်ကို ထင်ဟပ်နေကြောင်း သိရှိရပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့