Main menu

Background

MERS ကြောင့် ကိုရီးယားတို့ ဈေးဝယ်မှုပုံစံပြောင်းလဲလာခဲ့

Mon, 06/22/2015 - 21:03 -- journal_editor

လူ၁၁ ဦးသေဆုံးသွားပြီးဖြစ်သောMERS ကူးစက်ရောဂါကြောင့် ကိုရီးယားလူမျိုးများသည် အွန်လိုင်းမှ ဈေးဝယ်ခြင်းကို ပိုမိုအားသန်လာခဲ့ကြသည်။ အွန်လိုင်းရှော့(ပ်)ပင်းအခြေအနေသည်လည်း ဈေးကွက်တိုးတက်လာခဲ့ပြီး၊ ယခုအခါ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့ နာမေအ စာရင်းအရ အွန်လိုင်းမှ အရောင်းစံချိန်သည် ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နှစ်အလိုက်အနေဖြင့် ၆၃ ဒသမ ၁ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမှာစာ အရေအတွက်သည်လည်း ၅၁ ဒသမ ၉ ရာခိုင်နှုန်းတိုးလာခဲ့သည်။
ကုန်ပစ္စည်းအမျိုးအစားများအနေဖြင့် အိမ်သုံးစားသောက်ကုန်အရောင်းသည် ၉၀ ဒသမ ၁ ရာခိုင်နှုန်း အိမ်သုံး ကုန်ပစ္စည်းများသည် ၈၃ ရာခိုင်နှုန်းနှင့် အသင့်စား စားသောက်ကုန်များသည် ၆၉ ဒသမ ၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အထွေထွေစားသောက်ကုန်များ၏ နှစ်အလိုက်ပျမ်းမျှ တိုးတက်ရောင်းချရမှုသည် ၇၇ ဒသမ ၄ ရာခိုင်နှုန်းတိုးသွားခဲ့သည်။ ၎င်းင်းအပြင် အိမ်သုံးပစ္စည်းနှင့်ကြံ့ခိုင်ရေးအားကစားပစ္စည်းများ၏  အွန်လိုင်းမှ အရောင်းစံချိန်သည် ၄၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၄၁ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့သည်။Hone Plus စတိုးမှ စုစုပေါင်းအရောင်းသည်လည်း ၄၈ ဒသမ ၁ ရာခိုင်နှုန်းတိုးလာပြီး အွန်လိုင်းမှအရောင်း စံချိန်သည်လည်း ဖော်ပြပါ  ကာလတိုအတွင်း ၃၇ ဒသမ ၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း တွေ့ရှိရပါသည်။                                

 သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့