Main menu

Background

ဗီယက်နမ်ရှိ ဆမ်ဆောင်းစက်ရုံ၏ အရောင်းစံနှုန်းတိုးမြှင့်ချမှတ်

Tue, 06/23/2015 - 20:56 -- journal_editor

ဗီယက်နမ်ရှိ ဆမ်ဆောင်းမိုဘိုင်းစက်ရုံအနေဖြင့်  အရောင်းရည်မှန်းချက်ကို အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈ ဘီလီယံ မြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ဆမ်ဆောင်း ရုံးချုပ်က ဇွန်လ ၂ ရက်နေ့တွင်ပြောကြားခဲ့သည်။ ယင်းအရောင်း ပမာဏသည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလီယံထက် ၄၀ ရာခိုင်နှုန်းတိုး၍ ချမှတ်ထားခြင်းဖြစ်သည်။ အီလက်ထရောနစ် ကုမ္ပဏီကြီးဖြစ်သည့် ဆမ်ဆောင်းသည် ဗီယက်နမ်တွင် စက်ရုံနှစ်ရုံတည်ဆောက်ထားသည်။
ယင်းစက်ရုံနှစ်ရုံအနက်Yen Binh  ရှိစက်ရုံသည် အကြီးဆုံးဖြစ်ပြီး၊ ယခင်နှစ် မတ်လကစတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ယင်းစက်ရုံသည် သတ္တုပါဝင်သည့် မိုဘိုင်းဖုန်းများဖြစ်သည့် Galaxy S6, S6 Edge နှင့် ဈေးသက်သာသော Galaxy  A Series  များကို ထုတ်လုပ်လျက်ရှိသည်။ ယင်းစက်ရုံမှ ယခုနှစ်တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ မိုဘိုင်း ဖုန်းများ ထုတ်လုပ်လျက်ရှိသည်ဟုဆိုသည်။   ဆမ်ဆောင်း၏ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် မိုဘိုင်းဖုန်းအလုံးရေ ၄၅၂ သန်းရောင်းချခဲ့ရပြီး၊ ယခင်နှစ်က ရောင်းချခဲ့ရသော အလုံးရေ သန်း ၄၅၀ ထက်အနည်းငယ်ပိုမိုသည်မှာ Galaxy S5    ထုတ်လုပ်မှုကြောင့် ဖြစ်ကြောင်းသိရသည်။                                                

  သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့