Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ဒေဝါလီခံရမှုနှုန်းကျဆင်း

Tue, 06/23/2015 - 20:56 -- journal_editor

၂၀၁၅ ခုနှစ် ဧပြီလတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ စီးပွားရေးလုပ်ငန်း  စုစုပေါင်း ၈၆၆ ခုဒေဝါလီခံခဲ့ပါသည်။ ထိုသို့စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံလာကြသဖြင့် အချိန်ပြည့်ဝန်ထမ်း ၁၀၀၃ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၅၆၄ ဦး၊ လခ စားအလုပ်ရှင် ၃၃၈ ဦး အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပါသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဧပြီလအထိ ဘယ်လ်ဂျီယံနိုင်ငံ၌ စီးပွားရေးလုပ်ငန်းစုစုပေါင်း ၅၄၉၅ ခုဒေဝါလီခံခဲ့ရပြီး လွန်ခဲ့သော နှစ်ကာလတူ နှင့်နှိုင်းယှဉ်ပါက စီးပွားရေးလုပ်ငန်းဒေဝါလီခံခဲ့ရမှုနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့