Main menu

Background

ဆိုးလ်၏အချမ်းသာဆုံး စာရင်းဝင်များ၏ ၃၇ ရာခိုင်နှုန်းခန့်သည် ဂန်နမ်တွင်နေထိုင

Thu, 06/25/2015 - 17:36 -- journal_editor

ဝမ် ၁ ဘီလီယံ(အမေရိကန်တစ်ဒေါ်လာ= ၁ç၁၂၃ ဝမ်)ထက်ပိုမို<ကယ်ဝကြ သည့် တောင်ကိုရီးယားနိုင်ငံသား ၁၈၀ç၀၀၀ ဦးအနက် ၃ç၀၀၀ဦးခန့်သည် ဟန်မြစ် ၏ တောင်ဘက်ပိုင်းဂန်နမ်တွင် နေထိုင်လျက်ရှိကြသည်။ ကိုရီးယားရှိ လူပေါင်း ၁၈၂ç၀၀၀ ဦးခန့်သည် ဝမ် ၁ ဘီလီယံကျော်ပိုမိုကြွယ်ဝကြကြောင်းKB financial Group Research ကပြောဆိုခဲ့ပြီး ယင်းအရေအတွက်သည် ယခင်နှစ်က ထက် ၈ ဒသမ ၇ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းလူချမ်းသာများအနက် ၄၅ ဒသမ ၂ ရာခိုင် နှုန်းသည် ဆိုးလ်မြို့တွင်နေထိုင်ကြကြောင်း သုတေသနရလဒ်အရ သိရှိရသည်။ အခြားသောလူချမ်းသာအများအပြားနေထိုင်သည့် မြို့မှာ Gyeonggi ပြည်နယ် ဖြစ်ပြီး ၁၉ ဒသမ ၈ ရာခိုင်နှုန်းနေထိုင်ကြ၍ ဘူဆန်မြို့တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း နေထိုင်ကြသည်။
လူချမ်းသာများ၏ စုပေါင်းကြွယ်ဝချမ်းသာမှုမှာ ဝမ် ၄၀၆ ထရီလီယံဖြစ်ပြီး တစ်ဦးလျှင် ပျမ်းမျှဝမ် ၂ ဒသမ ၂၃ ဘီလီယံခန့်ြင်္ကွယ်ဝကြသည်။ လူချမ်းသာများသည် အိမ်ခြံမြေကဏ္ဍတွင် ကြွယ်ဝမှုမှာ ၂၄ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ နိုင်ငံရပ်ခြားတွင် ရင်းနှီးမြှုပ်နှံထားမှုမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး၊ ပြည်တွင်းတွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြသည်။ အိမ်ခြံမြေကဏ္ဍမှ အမြတ်ငွေ ၅ ဒသမ ၉၁ ရာခိုင်နှုန်းခန့် ယခင်နှစ်ကရရှိခဲ့ကြပြီး၊ ငွေကြေးကဏ္ဍရင်းနှီးမြှုပ်နှံမှုမှ အမြတ်ငွေ  သည် ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ လူချမ်းသာများအနက်မှ ၅၉ ဒသမ ၆ ရာခိုင်နှုန်းက အတိုးနှုန်းချပေးထားခြင်းသည် စီးပွားရေးကို လှုံ့ဆော်ပေးနိုင်ကြောင်း ဆိုသည်။                                   

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့