Main menu

Background

အမေရိကန်နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ဥအထွက်နှုန်းကျဆင်းသဖြင့် အချို့နေရာများတွင် ကန့်သတ်ရောင်းချ

Tue, 06/30/2015 - 20:50 -- journal_editor

အမေရိကန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကြက်၊ ငှက် တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၁၇ ခု ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် လယ် ယာစိုက်ပျိုးရေးဝန်ကြီးဌာနက စစ်ဆေး တွေ့ရှိခဲ့ပါသည်။ ကြက်နှင့်ကြက်ဆင် ကောင်ရေ ၄၆ သန်းကျော် ရောဂါ ကူးစက်ခံခဲ့ရသဖြင့် အမေရိကန်နိုင်ငံ သမိုင်းတစ်လျောက်တွင် အကြီးမားဆုံး ရောဂါကူးစက်မှုဖြစ်ပါသည်။ ကြက်၊ ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ကြက်ဥရောင်းလိုအား ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အမေရိကန်နိုင်ငံရှိ အိုင်အိုဝါ၊ အင်ဒီယားနား၊ ကယ်လီဖိုးနီး ယား၊ ဝါရှင်တန်၊ အော်ရီဂွန်နှင့် အာ ကန်ဆောပြည်နယ်များ    အပါအဝင် ပြည်နယ် စုစုပေါင်း ၁၅ ခုတွင် အဆိုပါ ကူးစက်ရောဂါဖြစ်ပွားခဲ့ပါသည်။
သို့ပါ၍ အချို့သောပြည်နယ်များ ရှိ စတိုးဆိုင်များတွင် ကြက်ဥများကို အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။  ကြက်ဥအထွက် နှုန်း   ကျဆင်းခြင်းကြောင့်   အစား အစာလုပ်ငန်းများကိုလည်း   ထိခိုက် လျက်ရှိပါသည်။ ယခုအချိန်တွင် ပြည်ပ မှကြက်ဥတင်သွင်းရန် လိုအပ်နေသော် လည်း ကနေဒါနိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့သာ အမေရိကန်နိုင်ငံသို့ တင် သွင်းရန် သတ်မှတ်ချက်များနှင့်ပြည့်မီ ကြောင်း သိရှိရပါသည်။ အမေရိကန် နိုင်ငံသို့ ကြက်ဥတင်သွင်းမည် ဆိုပါက ဦးစွာUS. Food and Drug Admini-stration (FDA) ၌ မှတ်ပုံတင်ရန် လို အပ်ပါသည်။။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့