Main menu

Background

ထိုင်းနိုင်ငံ၏တတိယအကြိမ် ဆန်လေလံတင်ပွဲတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်ရောင်းချခဲ့ရ

Wed, 07/01/2015 - 19:07 -- journal_editor

ယခုနှစ်အတွင်း  ထိုင်းနိုင်ငံအစိုးရ၏   တတိယအကြိမ် ဆန် လေလံတင်ရောင်းချမှုတွင်    ဆန်တန်ချိန် ၈၄၀ç၀၀၀ ရောင်းချခဲ့ပြီး ဘတ် ၇ ဒသမ ၈ ဘီလီယံ  ရရှိခဲ့ပါသည်။ အဆိုပါ    လေလံပွဲသည် အစိုးရအနေဖြင့် နိုင်ငံပိုင် ဆန်များကို ရောင်းချခဲ့သည်များအနက် ကျေနပ်ဖွယ်ရာ အကောင်းဆုံးအကြိမ်ဖြစ်ခဲ့ကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်Mr. Banjonglitt  က ပြောကြားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဆန်လေလံပွဲခြောက်ပွဲတွင် ဆန်တန်ချိန် ၂ ဒသမ ၁ သန်း ရောင်းချခဲ့ပြီး ဘတ် ၂၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပါသည်။ ယခု နောက်ဆုံးအကြိမ် ဆန်လေလံပွဲတွင် လေလံတင်ရောင်းချသည့် ဆန်တန်ချိန်၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်းရောင်းချနိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် လေလံပွဲများတွင် ပျမ်းမျှအားဖြင့် ၅၀-၆၀ ရာခိုင်နှုန်းသာ ရောင်းချခဲ့ရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ပ တင်ပို့သူများနှင့်  ဆန်စက်လုပ်ငန်းရှင်များ၏ အကြံပြုချက်အရ မတ် လဆန်လေလံတင်ပွဲကို ရွှေ့ဆိုင်းခဲ့ ပြီးနောက် ဆန်တန်ချိန် ၁ ဒသမ ၀၆ သန်း ရောင်းချရန်အတွက် ခုနစ်ကြိမ်မြောက် လေလံပွဲ (ယခုနှစ် အတွင်း တတိယအကြိမ်လေလံပွဲ) ကို ပြီးခဲ့သည့်လက ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ (အစိုးရ၏ဆန်များ ထုတ်ရောင်းချခြင်းသည်  ဆန်ဈေး နှုန်းများကို ဆွဲချသွားနိုင်သောကြောင့် ဒုတိယသီးနှံရာသီ ဒုတိယစပါး စိုက်ပျိုးချိန်) မှထွက်ရှိသော ဆန်များကိုဈေးကွက် သို့ ရောက်ရှိချိန် အထိ ဆန်လေလံပွဲကို ဆိုင်းငံ့ပေးရန် တောင်းဆိုခဲ့ကြ ခြင်းဖြစ်ပါသည်။
ကမ္ဘာ့ဆန်ဈေးကွက်သည် ဆက်လက်ငြိမ်သက်နေ မည် ဖြစ် ကြောင်း ထိုင်းဆန် ပြည်ပတင်ပို့သူများအသင်းဥက္ကဋ္ဌMr. Charoen  ကပြောကြားခဲ့ပါသည်။ ပြည်တွင်း ၌ မိုးခေါင်မှုဖြစ်ပေါ်လျက်ရှိသည့် အပြင် အယ်လ်နီညိုရာသီဥတု ဖြစ် စဉ်ကြောင့် မိုးခေါင်မှုကြာရှည်မည့် အရိပ်လက္ခဏာရှိနေရာဖြစ်ပေါ်နိုင်သည့် အကျိုးဆက်နှင့် ပတ်သက် ၍ လေ့လာသူ များ၏ သတိပေးပြောကြားချက်များရှိသော်လည်း Mr. Charoen  ကကမ္ဘာ့ဆန်ဈေးကွက် ဆက်လက်အေးနေမည်ဟု ခန့်မှန်း ခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် ကမ္ဘာ့စီးပွားရေးအားပျော့နေခြင်း၊ ရေနံဈေးနှုန်းများ ကျနေခြင်း၊ ယူရို ငွေကြေးတန်ဖိုး အားပျော့နေခြင်း စသည်တို့သည် ကမ္ဘာ့ဆန်ဈေးကွက်ကို ချုပ်ထိန်းထားမည့် အချက်များဖြစ်ကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ထုတ်လုပ်မှုပမာဏနှင့်အဆိုပါ နိုင်ငံများ၌ မိုးခေါင်မှု၏ အကျိုးသက်ရောက်မှု အတိုင်းအတာ စသည့် အချက်များသည်လည်း ထိုင်းနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှု အလား အလာကို ဆုံးဖြတ်ပေးမည့် အဓိကအချက်များ ဖြစ်ကြောင်း Mr. Charoen  ပြောကြားခဲ့ပါသည်။
နောက်ထပ် ဆန်တန်ချိန်တစ်သန်းအတွက် လေလံပွဲကို လာ မည့်လ လဆန်းပိုင်းတွင် ကျင်းပရန်စီစဉ်လျက်ရှိကြောင်း၊ အများစု သည် အဆင့်မြင့်ဆန်ဖြူနှင့်ဆန်ကွဲများ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ဇွန်လဒုတိယရက်သတ္တပတ် အထိ ဆန်တန်ချိန် ၃ ဒသမ ၉ သန်းကို ပြည်ပသို့တင်ပို့ပြီးဖြစ်ကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက် တွင် ဆန်တင်ပို့မှု ပိုမိုကောင်းမွန်လာပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ    ခန့်မှန်းထားသည့်အတိုင်း ယခုနှစ်  ဆန် တင်ပို့မှုသည်  တန်ချိန် ၁၀ သန်းအထိ ရောက်ရှိနိုင်သည်ဟု မျှော်မှန်း ထားကြကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့