Main menu

Background

စီးပွားရေးနာလန်ထူမယ့် စီမံကိန်းများကို တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတို့ အဆိုပြု

Thu, 07/02/2015 - 16:39 -- journal_editor

    မကြာသေးမီက   ဖြစ်ပွားခဲ့တဲ့ မားစ်ရောဂါဖြစ်ပွားမှုဒဏ်ကို ခံခဲ့ရပြီး ပြည်တွင်းစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်ရှင်သန်စေမယ့် ရှေ့လုပ်ငန်း စဉ်ချမှတ်ဖို့   အမျိုးသားစီးပွားရေး အသိုက်အဝန်းက နှိုးဆော်ထားကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။''မားစ်ရောဂါအတွက်   စိုးရိမ်မှု ကြောင့်  ကျဆင်းနေတဲ့ တောင်ကိုရီး ယားစီးပွားရေးကို   ထိခိုက်မှုဖြစ်စေခဲ့တဲ့ အတွက် စီးပွားရေးခေါင်းဆောင်တွေက ယခုလိုနှိုးဆော်ပေး ခဲ့တာ ဖြစ်ပါ တယ်''လို့   ကိုရီးယားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (ကေစီစီ အိုင်) ဥက္ကဋ္ဌ ပတ်ယောင်မန်း ကပြောပါ တယ်။ယခင်လ က   ဖြစ်ပွားခဲ့တဲ့ မားစ် ရောဂါပြန့်ပွားမှုကြောင့် ငွေကြေးထိ ခိုက်မှုရှိတယ်လို့   ခံစားေ နကြတဲ့ ကိုရီးယားကုမ္ပဏီ   အထူးသဖြင့်   အသေး စားနဲ့ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်သူ ဦးရေက  တိုးပွားလျက်ရှိနေပါတယ်။ ရောဂါပြန့်ပွားမှုကြောင့် ကုမ္ပဏီတွေက ပင်လယ်ရပ်ခြားက    ဝယ်လက်တွေ နဲ့  ဆွေးနွေး ပွဲတွေ ဖျက်သိမ်းခဲ့ရပြီး ရောင်း အားကျဆင်းမှုတွေနဲ့ ကြုံခဲ့ရပါတယ်။''မားစ်ရောဂါအတွက်  စိုးရိမ်မှု ကြောင့်ဖြစ်ရတဲ့ အခက် အခဲတွေကိုဖြေ ရှင်းဖို့နဲ့  ကျဆင်းနေတဲ့ စီးပွားရေးပြန် လည်ဦးမော့လာဖို့ အတွက် ကော်ပိုရေး ရှင်းတွေက အစိုးရနဲ့ ပိုမိုပြီး လက်တွဲ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်''လို့ ဆိုးလ်မြို့Lotte Hotel မှာကျင်းပတဲ့ KCCI  ကော်မတီရဲ့ အရေးပေါ်အစည်းအဝေး အဖွင့်အနေနဲ့  ပတ်က ပြောပါ တယ်။စီးပွားရေးမြှင့် တင်ပေး ဖို့ အတွက် ကော်ပိုရိတ် အဆင့်မှာ ဆွေးနွေးတဲ့ရှေ့ လုပ်ငန်းစဉ်တွေအနက်အလုပ်အကိုင် ဖန်တီးရေးနဲ့  ရင်းနှီးမြှုပ်နှံမှုတွေကို စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်ရေးနဲ့  ကိုရီးယားနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ် နှံမှုတွေ ပြန်လည် ဝင်ရောက်လာစေရေး စတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။  ယခုနှစ်    နွေရာသီမှာ စားသုံးမှုမြှင့်တင်ရေးအတွက် စီမံချက်ချထားတဲ့အတိုင်း စီးပွားရေး နဲ့ပတ်သက်တဲ့ အစည်းအဝေးတွေကျင်းပ ဖို့နဲ့  နွေရာသီ  အားလပ်ရက်တွေမှာ  ကိုရီးယားပြည်သူတွေအနေနဲ့ ပြည်တွင်း မြို့တွေကိုသာ သွားရောက်လည်ပတ်ဖို့  ကေစီစီအိုင်    ဦးဆောင်ကော်မတီက  တိုက်တွန်းထားပါတယ်။