Main menu

Background

ဘဏ်များနှင့် စတော့ဈေးကွက်ကို ဂရိနိုင်ငံဆက်လက်ပိတ်ထားမည်

Mon, 07/06/2015 - 21:26 -- journal_editor

ဂရိနိုင်ငံ၏ ငွေကြေးအကျပ်အတည်း အခြေ အနေများကြောင့် ဂရိဘဏ်များတွင် စုဆောင်းငွေ ပြန်လည်ထုတ်ယူမှုများ များပြားလျက်ရှိပါသည်။ ဂရိ နိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံ မတိုးရန် ကြေညာချက် ထုတ်ပြန်ပြီးသည့် နောက်ပိုင်း တွင် ဂရိဝန်ကြီးချုပ်က ဂရိနိုင်ငံရှိဘဏ်များနှင့်စတော့ ဈေးကွက်ကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ငွေကြေး စီးဆင်းမှုကိုလည်း ထိန်းချုပ်ထားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စုဆောင်းငွေ၊ လစာနှင့်ပင်စင် စသည်တို့အတွက် ပူပန်စရာမလိုကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့ပါသည်။ ဇွန်လ ၃၀ ရက်တွင် ဂရိနိုင်ငံအနေဖြင့် အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့သို့ ချေးငွေ အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံခန့် ပြန်ပေးဆပ်နိုင် ခြင်းရှိမရှိကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ အကယ်၍ ဂရိနိုင်ငံအနေဖြင့် အဆိုပါချေးငွေအား ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ယူရိုဇုန်အဖွဲ့ဝင် နိုင်ငံ အဖြစ်မှ နုတ်ထွက်ရန် တွန်းအားပေးခံရနိုင်ဖွယ် ရှိကြောင်း သိရှိရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့